Connect with us

Hi, what are you looking for?

သတင်း

ချင်းတိုင်းရင်းသားဂျိုရှုအာဗန်က မက္ကဆီကိုဖိုက်တာကို အမှတ်ဖြင့်အနိုင်ရ

အမေရိကန်နိုင်ငံတွင် ကျင်းပသည့် UFC MMA ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် မက္ကဆီကိုဖိုက်တာကို အသာစီးထိုးသတ်ခဲ့ပြီး ဒိုင်အားလုံး၏ ဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ဓာတ်ပုံ - UFC

သုည/People’s Spring

အမေရိကန်နိုင်ငံတွင် ကျင်းပသည့် UFC MMA ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် မက္ကဆီကိုဖိုက်တာကို အသာစီးထိုးသတ်ခဲ့ပြီး ဒိုင်အားလုံး၏ ဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ယနေ့ (စက်တင်ဘာ ၁၅) နံနက်က အမေရိကန်နိုင်ငံ လက်ဗီးကပ်စ်မြို့တွင် ကျင်းပသည့် UFC 306 ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နှင့် မက္ကဆီကိုဖိုက်တာ ချိုင်ရက်ဇ်တို့ Flyweight ဝိတ်တန်းစိန်ခေါ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ထိုးသတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းပွဲစဥ်တွင် ဂျိုရှုအာဗန်က ချိုင်ရက်ဇ်ကို ဘယ်၊ညာလက်သီးချက်များ၊ နပန်းချုပ်ကွက် များဖြင့် အသာစီးထိုးသတ်နိုင်ခဲ့ပြီး ၃ချီအပြီးတွင် ဒိုင်အားလုံး၏ ဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန်သည် အဆိုပါ MMA ပွဲစဥ် ပွဲကြိုတွင် ပြောခဲ့သည့်အတိုင်း ပြိုင်ဘက်မက္ကဆီကိုဖိုက်တာကို အနိုင်ရပြီး UFC MMA ပြိုင်ပွဲ၏ နိုင်ပွဲကို ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲစဥ်သည် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်အတွက် UFC MMA ပြိုင်ပွဲ (၄) ပွဲမြောက်နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်ပြီး UFC ပြိုင်ပွဲ ၅ပွဲထိုးသတ်ထားရာ ၄ ပွဲနိုင် ၁ပွဲရှုံးနိမ့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။