Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဆေးရုံကြီးတွင် တိုက်ပွဲဖြစ်ဒေသများမှ ဒဏ်ရာရသူများဆေးလာကုပါက ငွေညစ်ခံနေရ

မန္တလေးဆေးရုံကြီးတွင် တိုက်ပွဲဖြစ်ပွားနေသောဒေသများမှ ဒဏ်ရာရသူများ ဆေးလာကုပါက ကောင်းစွာကုသပေးခြင်းမရှိဘဲ စစ်ကောင်စီ​၏ ရဲကပါ ငွေညှစ်နေကြောင်း ကြုံတွေ့ဖူးသူများက ပြောသည်။

ရှမ်းမြောက် သီပေါမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရသူအမျိုးသမီးအား ဆေးကုသရန် ပို့ဆောင်နေစဉ်။ ဓာတ်ပုံ - TNLA

ဟာနာဆန်/People’s Spring

မန္တလေးဆေးရုံကြီးတွင် တိုက်ပွဲဖြစ်ပွားနေသောဒေသများမှ ဒဏ်ရာရသူများ ဆေးလာကုပါက ကောင်းစွာကုသပေးခြင်းမရှိဘဲ စစ်ကောင်စီ​၏ ရဲကပါ ငွေညှစ်နေကြောင်း ကြုံတွေ့ဖူးသူများက ပြောသည်။

တော်လှန်ရေးအားကောင်းသည့် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့၌ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများသည် ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံကြီးတက်ရောက်ဆေးလာကုပါက ဆေးရုံရှိ ရဲများက ခြိမ်းခြောက်ငွေညှစ်လေ့ရှိကြောင်း ဆေးရုံတက်ရောက်ခဲ့သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“မန္တလေးဆေးရုံကြီးမှာ အစအနမှန်တာတို့၊ ဗုံးကြဲလို့ဖြစ်တာတို့၊ မန္တလေးဆေးရုံရောက်တဲ့အခါမယ် ရဲကလာပြီး အမြဲတမ်းငွေညှစ်တယ်။ အဲလိုဖြစ်တာတွေက PDF နဲ့ပတ်သက်လို့ ထောက်ပံ့လို့ ဒီလိုဖြစ်တာဆိုပြီးတော့ ငွေအမြဲတမ်းညှစ်တယ်။”ဟု လက်နက်​ကြီးကျည်ထိဒဏ်ရာရခဲ့သည့် တော်လှန်ဒေသတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါထိခိုက်ဒဏ်ရာရလာသူများအား သီးခြားခွဲထားပြီး ဆေးရုံဝန်ထမ်းများက ကောင်းစွာစောင့်ရှောက်ကုသမှုမပေးကြောင်း တက်ရောက်ကုသဖူးသူများက ဆိုသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင်မူ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား တော်လှန်ရေးအဖွဲ့များ၏ အစီအစဥ်ဖြင့်သာ ဆေးကုသမှုပေးနေပြီး စစ်ကောင်စီဆေးရုံများသို့ ပို့လွှတ်ခြင်းမရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“စစ်တပ်က ပစ်လို့ထိခိုက်တဲ့ ပြည်သူတွေဆို မြို့ပေါ် ဆေးရုံတွေ ပို့လို့ မရပါဘူးဗျ။ စစ်ဆေးမေးမြန်းမှုတွေ၊ မထင်ရင် မထင်သလို ဖမ်းဆီးတာတွေကြောင့် လက်နက်ကြီးထိတဲ့ ပြည်သူတွေဆို မြို့ပေါ် ဆေးရုံတွေကို လုံးဝပို့လို့မရတဲ့ အခြေအနေပါ။”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။

မန္တလေးတိုင်းနှင့် ရှမ်းမြောက်မှ မန္တလေးဆေးရုံကြီးသို့ လာရောက်ကုသနေသည့် အရေအတွက် ကိုမူ မသိရပေ။

ထို့အပြင် အရပ်သားထိခိုက်သေဆုံးမှုများ၏ ၉၅ ရာခိုင်နှုန်းသည် စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်မှု၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ကြောင်း Data for Myanmar က သြဂုတ်လအတွင်းက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။