Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေတွင် စစ်ရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့် မျောပါ၊ နှစ်ဦး​၏ရုပ်အလောင်းရှာတွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့်မျောပါသွားကြောင်း ရေဘေးကူညီဆောင်ရွက်နေသူများက ပြောသည်။

ညောင်ရွှေမြို့မဈေး ရေကြီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့်မျောပါသွားကြောင်း ရေဘေးကူညီဆောင်ရွက်နေသူများက ပြောသည်။

စက်တင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဥ်မှ နှစ်ဦး၏အလောင်းအား ရှာတွေ့ထားပြီး ကျန်ရှိသူများကို ဆက်လက်ရှာဖွေနေဆဲဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လွိုင်ကော်ကနေ ရွှေ့လာတဲ့ စစ်ဘေးရှောင်တွေပါ။အမျိုးသမီးနှစ်ယောက်အလောင်းကိုတော့ တွေ့ထားရ တယ်။ဘယ်သူ၊ ဘယ်ဝါဆိုတာကိုတော့ အတည်မပြုနိုင် သေးဘူး”ဟု အင်းလေးအခြေစိုက် ရေဘေးကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှု‌နှင့်အတူ တောင်ကျရေကြီးကြောင့် ညောင်ရွှေမြို့ပေါ်ရှိ နေအိမ်များ၊ဆေးရုံ၊စာ သင်ကျောင်း၊ဘုန်းကြီးကျောင်း၊ဘုရားစေတီများအပါအဝင် ကျေးရွာ အများအပြားရေနစ်မြှုပ်နေသည်ဟု ၎င်းက အသိပေးသည်။

“ညောင်ရွှေမြို့ထဲက ရန်ကုန်ဘုန်းကြီးကျောင်းမြောက်ဘက်လမ်းမကြီးထိ စက်လှေတွေမောင်းဝင်လို့ရနေပါပြီ။ဒါဟာ နှစ်ပေါင်း၂၀ ကျော်မှာ ပြန်ကြုံရတဲ့ရေအကြီးဆုံးနှစ်ပါ”ဟု ညောင်ရွှေဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အင်းလေးဒေသ၌ ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး ရေ ဘေးသင့်နေသူများ အကူအညီရရန်အတွက်ဆက်သွယ်ရန်အခက်အ ခဲဖြစ်‌နေသည်ဟုလည်း သိရသည်။

ညောင်းရွှေမြို့နယ် အင်းလေးဒေသတွင် ကျေး ရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး ကျေးရွာ ၁၇၁ရွာ ရေကြီးနစ်မြုပ်နေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်