Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းမပြုရန် ပကဖ သတိပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်လိုက်သည်။

မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်းမပြုရန် သပိတ်ကျင်းပကဖက သတိပေးကြေညာချက်အား သပိတ်ကျင်းမြို့နယ်ရှိ လူနေရပ်ကွက်တစ်ခု၌ ကပ်ထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ-သပိတ်ကျင်းပကဖ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန​၏ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၁၅ရက်)က ကြေညာချက်ထုတ်ပြန်ကာ တားမြစ်လိုက်ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအဖြစ် သတ်မှတ်ထားသော မူးယစ်ဆေးဝါး အမျိုးမျိုး၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးခြောက်၊ ဆေးခြောက်အဆီ အစရှိသည်တို့အား လုံးဝ (လုံးဝ) သုံးစွဲခြင်းမပြုရန်နှင့် လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း မပြုရန် သပိတ်ကျင်းပကဖက သတိပေးသည်။

Public Service Announcement

Public Service Announcement

“မူးယစ်ဆေးဝါးကတော့ သိတဲ့အတိုင်း ရွှေတောဒေသဆိုတော့လေ။ လူငယ်အများစုကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေ ကြားရတယ်ပေါ့။အဲအတွက်​ကြောင့် ကျွန်တော်တို့ကလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ရောင်းချတာပဲဖြစ်ဖြစ်၊ သုံးစွဲတာပဲဖြစ်ဖြစ် အခုကျွန်တော် တို့လက်ရှိ စိုးမိုးထားတဲ့ ဒေသတွေမှာ ကျွန်တော် တို့ကတော့ လုံးဝမှအပြင်းအထန်ကန့်ကွက်ပြီးတော့မှ အမျိုးသားရေးတရပ်အနေနဲ့ ဒီမူးယစ်ဆေးဝါးကိုနှိမ်နင်းသွားမှာပါ။”ဟု သပိတ်ကျင်းပကဖတာဝန်ခံ ကိုနဂါးနီက ပြောသည်။

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရန်၊ ထိရောက်စွာ နှိမ်နင်းအရေးယူနိုင်ရန်အတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးပါရန် သပိတ်ကျင်းပကဖက မေတ္တာရပ်ခံထားသည်။

သပိတ်ကျင်းမြို့နယ် အတွင်းတွင် မည်သည့်နေရာတွင်မဆို မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ တွေ့ရှိပါက ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအား အချက်အလက်နှင့်တကွ လာရောက် တိုင်ကြားပေးရန် သပိတ်ကျင်းပကဖက ထပ်မံမေတ္တာရပ်ခံသည်။

ဘိန်းဖြူ၊ ဘိန်းမဲ၊ ဘိန်းစိမ်း၊ ဆေးခြောက် (သို့မဟုတ်)ဆေးခြောက်အဆီ (သတ်မှတ် အလေးချိန် ၂၅ဂရမ်ထက်ပိုပါက) အစရှိသည်တို့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

လက်ရှိတွင် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများ ဗုံးခိုကျင်းများတူးကြရန် လိုက်လံနှိုးဆော်နေကြောင်း သပိတ်ကျင်းပကဖ တာဝန်ခံ ကိုနဂါးနီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။