Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ ပြည်သူများ​၏နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံက ပြောသည်။

မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးခဲ့သော နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံက ပြောသည်။

စက်တင်ဘာ ၁၅ရက် ညနေပိုင်းက မင်းတပ်မြို့ အနောက်ရပ်ကွက် ခလရ(၂၇၄) တပ်ရင်းသို့ သွားသည့် လမ်းအနီးရှိ ဒေသခံများ​၏ နေအိမ် ၃လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ မီးမရှို့မီ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်းလည်း ဒေသခံက ပြောသည်။

” သေချာမသိရသေးဘူး။ တိုက်ပွဲလား စခ က ရမ်းပစ်တာလား မသိရသေးဘူး”ဟု ဒေသခံကပြောသည်။

စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို အကြောင်းမဲ့ မီးရှို့သည်မှာ ဟုတ်သည်ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခလရ(၂၇၄) တပ်ရင်း အောက်ဘက်လှေးကောင်းလမ်းခွဲရှိ ပြည်သူ့နေအိမ် ၅လုံးကို မီးရှို့ခံခဲ့ရသကဲ့သို့ နောက်ရက်တွင်လည်း ပြည်သူ့ နေအိမ် ၃လုံး မီးရှို့ခံရသည်ဟု ဒေသခံက အသိပေးသည်။

ချင်းဒေသကာကွယ်ရေးတပ်(CDF) – မင်းတပ် တပ်မှူးတစ်ဦးဖြစ်သည့် နိုင်းတမ်ကလည်း “မင်းတပ်မြို့တွင်းက စကစတပ်စွဲတဲ့နေရာအနီးတဝိုက်ကအိမ်တွေကို စစ်သားတွေမီးရှို့နေကြပါတယ်ပစ်ကွင်းရှင်းတဲ့သဘောပါ။ အိမ်တွေကိုအကာအကွယ်ယူပြီးသူတို့ကိုလာတိုက်မှာစိုးရိမ်လို့ ကျည်တပစ်အကွာအဝေးကိုရှင်းနေကြတာ။ ထပ်ရှို့ကြပါလိမ့်မယ်။ကျင်ဒွေးတိုက်ပွဲတုန်းက တစ်မြို့လုံးပြာကျခဲ့ရတာက သူတို့ဒီလိုမျိုးမီးရှို့လို့ ဖြစ်ခဲ့ရတာ” ဟု လူမှုကွန်ရက်တွင်ရေးသားထားသည်။

CDF မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီးမဟာမိတ် အာရက္ခတပ်တော်(AA)နှင့်အတူ ကျင်ဒွေးမြို့ နှင့် မတူပီမြို့သိမ်းတိုက်ပွဲများကို အောင်မြင်မှုရရှိထားသည်။

ထို့ပြင် စစ်ကောင်စီက မင်းတပ်မြို့နယ်ကိုလေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် မင်းတပ်မြို့နယ်တွင်လည်း တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း CDF မင်းတပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။