Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်း​တောင်ရွာတိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားအချို့သေဆုံး

စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ငှက်ပျောတောရပ်ကွက်၌ ဒဏ်ရာရ​သောပြည်သူအချို့ကို လူနာတင်ယာဥ်​ပေါ်သို့တင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ- CJ

မိထက်/People’s Spring

ဖားကန့်မြို့နယ်၊ဆိုင်း​တောင်ရွာအတွင်း ၁၀ ရက်​မြောက်​နေ့ တိုက်ပွဲဆက်လက်ဖြစ်ပွား​နေရာ ယ​နေ့ ပိုမိုပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအတွင်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် ဆိုင်းတောင်ရွာအပြင် ဘေးပတ်ဝန်းကျင်ရွာများကိုလည်း ​လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေခြင်းဟု ဒေသခံတဦးကပြောသည်။

“ငှက်ပျောတောရပ်ကွက်ထဲဗုံကြဲတာ။ အရပ်သားတစ်ယောက်သေတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်။ မရှီကထောင်ရပ်ကွက်ဘက်မှာလည်း သေနတ်သံတွေကြားနေရတယ်” ဟု ဒေသခံတဦးက လူထု​နွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတွင် စက်တင်ဘာ ၇ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။ ရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ကဆိုင်းတောင်ရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့သည်။

ဖားကန့်တိုက်ပွဲ၌ စစ်ကောင်စီနှင့်အတူ ရှမ်းနီတပ်(ANA)ကလည်း ပါဝင်တိုက်ခိုက်နေပြီး နေအိမ်များ ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။ ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က မူးယစ်​ဆေးသုံးစွဲသူများကိုနေအိမ်များအား မီးရှို့ရန် ခိုင်းစေထားသူများအနက်မှ ၂၃ ဦးကို KIA/KPDF ပူးပေါင်းတပ်ကစက်တင်ဘာလ ၁၄ရက် ဖမ်းဆီးခဲ့သည်။

KIA သတင်းပြန်ကြားရေးဌာန၏ စက်တင်ဘာ ၁၂ရက် ဆိုင်းတောင်တိုက်ပွဲသတင်း ဖော်ပြချက် တွင် KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကိုစက်တင်ဘာ ၁၂ရက် မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်သည့်နောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရဲစခန်းသိမ်းပိုက်ထားနိုင်သော်လည်း ဆိုင်းတောင် Lucky Men ဟိုတယ်အနီးရှိ စစ်ကောင်စီတပ်သားများကို ဆက်လက် ရှင်းထုတ်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားသည်။

ထို့အပြင် Lucky Men ဟိုတယ်အတွင်းစစ်တပ်ကဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည့် အရပ်သားများအနက် အချို့ကို စက်တင်ဘာ ၁၅ရက်တွင် သတ်ဖြတ်နေပြီး ရုပ်အလောင်းများကိုလည်း ကောက်ယူခွင့်မပြုကြောင်း ဒေသခံများကပြောသည်။Lucky Men ဟိုတယ်ကို စစ်ကောင်စီက စီးနင်းထားပြီး ဟိုတယ်ဝန်ထမ်းများ၊ဧည့်သည်များအပါအဝင် အရပ်သား၂၀၀ကျော်ကို ဖမ်းဆီးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။