Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ်တွင် ခရီးသည်တင်ယာဥ်တစ်စီးမိုင်းထိပြီး အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ခရီးသည်တင်ယာဥ်တစ်စီး မိုင်းထိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းထိသောကားအား လာရောက်ကူညီနေစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ခရီးသည်တင်ယာဥ်တစ်စီး မိုင်းထိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၁၇ရက်) ညနေ ၃နာရီခန့်က ရေဦးမြို့နယ်၊ ရေဦး – ညောင်လှလမ်းပိုင်းတွင်မူးသာကုန်းရွာနှင့် ဆည်ကြီးကျေးရွာကြား၌ မန္တလေးမြို့မှ ရေဦးမြို့ဘက်သို့ မောင်းနှင်လာသည့် အောင်ရတနာကားအသင်းမှ ခရီးသည်တင်အံစာတုံးယာဥ်တစ်စီး မိုင်းစထိမှန်ခဲ့ကြောင်း ရေဦးနယ်အခြေပြု People’s Defense Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းထိမှုကြောင့် ကားခေါင်းထဲတွင် လိုက်ပါလာသည့် တန့်ဆည်မြု့နယ်၊ တနယ်ရွာမှ အမျိုးသမီးကြီးတစ်ဦး ညာဘက်နားထင် မိုင်းစထိမှန်ပြီး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ မိုင်းသည် ရေဦးမြို့ပေါ်မှ စစ်အုပ်စုရန်ကို ကာကွယ်ရန် ရပ်ကျေး(ပကဖ)ရဲဘော်များထောင်ထားသည့် မိုင်းဖြစ်ပြီး ချို့ယွင်းမှုဖြစ်ပွားပြီး ပေါက်ကွဲခဲ့ခြင်းဟု ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“မိုင်းက သူ့အလိုလို Error ဖြစ် ထပေါက်ကွဲခဲ့တာပါ။ နေပူလိုက်၊ မိုးရွာလိုက်ဆိုတော့ ကားလာတဲ့အချိန်မှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ သိရတယ်။ မိုင်းမှားဆွဲလို့ ထိခိုက်တာမဟုတ်ပါဘူး။ သူ့အလိုလိုထကွဲပြီး ဖြစ်သွားတာ”ဟု ၎င်းက ပြောသည်။

ယာဥ်ပေါ်ပါ အခြားခရီးသည်များ ထိခိုက်မှုမရှိဘဲ ကားမှန်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ရေဦး – မန္တလေးလမ်းပိုင်း မောင်နှင်သွားလာနေသည့် ခရီးသည်တင်ယာဥ်များအနေဖြင့် သတိပြုမောင်းနှင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။