Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ဟု USOပြော

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် – ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်သင်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

သတိုး/People’s Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် – ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

“စစ်ဆင်ရေးကတော့ ဒုတိယအကြိမ် ပြန်စတဲ့ ပထမမစ်ရှင်ပါ။ စခ ဗိုလ်သင်တန်းကျောင်းနဲ့ တပ်ကြပ်သင်တန်းကျောင်းထဲ ထိမှန်ခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (စက်တင်ဘာ ၁၇ရက်) ည ၇နာရီခွဲခန့်တွင် ဗိုလ်သင်တန်းကျောင်းအား ၄၀ မမ သုံးလုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအတိအကျမသိရသေးသော်လည်း စစ်ကောင်စီ၏ မီးတန်းယာဥ်နှင့်လူနာတင်ကားများ ဝင်သွားသည်ဟု ၎င်းက ဆိုသည်။

“ပြန်မြင်လာရပါမယ်။အလှူလည်းမခံတဲ့အတွက် ပြင်ဆင်မှုအပိုင်းလေးတွေ နှောက်နှေးသွားတဲ့အတွက်လည်း တော်လှန်ပြည်သူများကို တောင်းပန်ပါတယ်”ဟု USOအနေဖြင့် စစ်ဆင်ရေးများဆက်တိုက်လုပ်ဆောင်မည့်အကြောင်းကို အထက်ပါတာဝန်ခံက ပြောသည်။

USOသည် ယခင်ကမြို့ပြအထူးတပ်ဖွဲ့ (USF )အနေဖြင့် လှူပ်ရှားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် မြို့ပြအထူးစစ်ဆင်ရေး(USO)ဟု ပြောင်းလဲလုပ်ဆောင်နေခြင်းဖြစ်သည်။

မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (USO)သည် ၂၀၂၄ ဇန်နဝါရီ ၂၃ရက်က မန္တလေးမြို့ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို တာဝေးပစ် (၁၀၇) မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၃အတွင်းကလည်း မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်မှု၊ စစ်ကောင်စီအဖွဲ့ဝင် ဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ် ဗုံးပစ် တိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်ရှိ ဦးပိုင်ကုန်ကားဝင်းအား (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် စစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation – U.S.O)က သတိပေးထားသည်။

အဆိုပါ ဗိုလ်သင်တန်းကျောင်းအား Operation Flame (OF)အဖွဲ့ကလည်း ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။