Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စုဖြတ်သန်းစဥ် ကနီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယ‌နေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ စစ်သဘော်များ ချင်းတွင်းမြစ်အတွင်း သွားလာနေစဥ်။ ဓာတ်ပုံ - ULF

မိထက်/People’s Spring

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယ‌နေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကနီမြို့နယ် ရွှေစာရေးကျေးရွာအနီး စစ်သင်္ဘောအုပ်စုဖြတ်သန်းစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခြင်းဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

” ကိုယ့်ဘက်က တိုက်ခိုက်မှုတွေမရှိဘဲ ပစ်တာ။ တံတားဦးကနေ တက်လာပြီး ပစ်တာ။ အရပ်သားတွေကတော့ ထိမထိ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ကောင်စီသင်္ဘောအုပ်စု၌ သင်္ဘောကိုးစီပါဝင်ပြီး အရှေ့ဆုံးနှင့် နောက်ဆုံးမှသင်္ဘောနှစ်စီးတွင် လက်နက်များတပ်ဆင်ထားကာ မြစ်ကမ်းဘေးကျေးရွာများအား ရမ်းသမ်းပစ်ခတ်ပြီး ဆက်လက်စုံစုန်ဆင်းနေသည်ဟု ကနီမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသင်္ဘောများပေါ်တွင် ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မြို့နယ်၊ ဥရုချောင်းမှတဆင့် ကျောက်စိမ်းများ တင်ဆောင်လာပြီး ချင်းတွင်းမြစ်ကြောင်းမှတဆင့် ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့တလျှောက် စုန်ဆင်းလာခြင်းဖြစ်သည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများမှ ဒေသခံများယာယီရှောင်တိမ်းနေကြရန်နှင့် မြစ်ကြောင်းအတွင်း စက်လှေများသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။