Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စုဖြတ်သန်းစဥ် ကနီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယ‌နေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ စစ်သဘော်များ ချင်းတွင်းမြစ်အတွင်း သွားလာနေစဥ်။ ဓာတ်ပုံ - ULF

မိထက်/People’s Spring

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယ‌နေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကနီမြို့နယ် ရွှေစာရေးကျေးရွာအနီး စစ်သင်္ဘောအုပ်စုဖြတ်သန်းစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခြင်းဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

” ကိုယ့်ဘက်က တိုက်ခိုက်မှုတွေမရှိဘဲ ပစ်တာ။ တံတားဦးကနေ တက်လာပြီး ပစ်တာ။ အရပ်သားတွေကတော့ ထိမထိ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ကောင်စီသင်္ဘောအုပ်စု၌ သင်္ဘောကိုးစီပါဝင်ပြီး အရှေ့ဆုံးနှင့် နောက်ဆုံးမှသင်္ဘောနှစ်စီးတွင် လက်နက်များတပ်ဆင်ထားကာ မြစ်ကမ်းဘေးကျေးရွာများအား ရမ်းသမ်းပစ်ခတ်ပြီး ဆက်လက်စုံစုန်ဆင်းနေသည်ဟု ကနီမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသင်္ဘောများပေါ်တွင် ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့မြို့နယ်၊ ဥရုချောင်းမှတဆင့် ကျောက်စိမ်းများ တင်ဆောင်လာပြီး ချင်းတွင်းမြစ်ကြောင်းမှတဆင့် ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့တလျှောက် စုန်ဆင်းလာခြင်းဖြစ်သည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများမှ ဒေသခံများယာယီရှောင်တိမ်းနေကြရန်နှင့် မြစ်ကြောင်းအတွင်း စက်လှေများသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၀)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

အာဏာရှင်တစ်စုက လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေပြီး လည်ပင်းအညှစ်ခံထားရတဲ့လူတစ်ယောက်လို အသက်ရှုကျပ်မောဟိုက်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို မေးခွန်းရိုးရိုးလေးတစ်ခု ဒီ‌နေ့ည မေးလိုပါတယ်။

သတင်း

ကျောက်ကြီးတွင်လည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်အပါဝင် ပြည်သူများထိခိုက်မှုရှိ

သတင်း

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ​ရန် လုံးဝ မသင့်လျော်သည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို အသိပေးပြောကြားသည်။