Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက်ထောက်ပို့ရဲဘော်တစ်ဦး နွေဦးတော်လှန်ရေးအတွက် အစာအငတ်ခံဆန္ဒပြရာ နာရီပေါင်း ၂၆နာရီကျော်အကြာတွင် ကျပ်သိန်းတစ်ထောင်ကျော်ရရှိ

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် နွေဦးတော်လှန်ရေးအတွက် မြန်မာနိုင်ငံသားတစ်ဦး အစာအငတ်ခံဆန္ဒပြ၍ အလှူခံရာ နာရီပေါင်း ၂၆ နာရီကျော်(တစ်ရက်ကျော်)အကြာတွင် ကျပ်သိန်းတစ်ထောင်ပြည့်မြောက်ခဲ့သည်။

အစာအငတ်ခံဆန္ဒပြနေသော ရဲဘော်လှိုင်ကြီး(အင်္ကျီအနက်) အား လာရောက်ဝန်းရံသူများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Hlaing Moe Thuu

ဇေအောင်/People’s Spring

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် နွေဦးတော်လှန်ရေးအတွက် မြန်မာနိုင်ငံသားတစ်ဦး အစာအငတ်ခံဆန္ဒပြ၍ အလှူခံရာ နာရီပေါင်း ၂၆ နာရီကျော်(တစ်ရက်ကျော်)အကြာတွင် ကျပ်သိန်းတစ်ထောင်ပြည့်မြောက်ခဲ့သည်။

စက်တင်တာ ၁၆ရက် နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ ဘူဖြောင်းဘူတာအဝိုင်းဘေးတွင် ထောက်ပို့ရဲဘော်တစ်ဦးဖြစ်သူ ကိုလှိုင်ကြီးက ၎င်း၏ (၂၈)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အ​ဖြစ် အညာစစ်ဘေးရှောင်များနှင့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွက် ကျပ်သိန်းတစ်ထောင်ရရန် အစာအငတ်ခံဆန္ဒပြ၍ အလှူခံခဲ့သည်။

Public Service Announcement

Public Service Announcement

အစာအငတ်ခံဆန္ဒပြမှုမှာ တောင်ကိုရီးယားစံတော်ချိန် စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီ၊ မိနစ် ၂၀ မှစတင်ခဲ့ရာ စက်တင်ဘာ ၁၇ ရက် နေ့လယ် ၁၂နာရီတိတိတွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးမှ ပြည်သူများ၏လှူဒါန်းမှုများကြောင့် ကျပ်သိန်းတစ်ထောင်ပြည့်မြောက်ခဲ့ကြောင်း ရဲဘော်လှိုင်ကြီးက ၎င်း၏ လူမှုကွန်ရက်မှ ပြောကြားသည်။

“မြင်းခြံခရိုင်အတွင်းမှာပဲ ရဲဘော်တွေ မတရားနှိပ်စက်သတ်ဖြတ်ခံရတာတွေရှိတယ်။ တိုက်ပွဲတွေဖြစ်နေတာတွေရှိတယ်။ လေကြောင်းကတိုက်ခိုက်လို့ ပြည်သူတွေသေကြေကုန်တာတွေရှိတယ်။ အဲဒါကြောင့် ဒီစစ်ဆင်ရေးကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ရဲဘော်တွေ စစ်ရေးကိုပိုမိုလုပ်ဆောင်နိုင်အောင် လိုအပ်တာတွေပိုမိုဖြည့်တင်းနိုင်အောင် လုပ်တာပါ။”ဟု ရဲဘော်လှိုင်ကြီးက ပြောသည်။

အလားတူ တောင်ကိုရီးယားနိုင်ငံရောက် ကျောက်ခေတ်ကိုမှောက်ပစ်အဖွဲ့မှ ကိုအောင်ကျော်ဟိန်းလည်း ​လာရောက်ပူးပေါင်း၍ အစာအငတ်ခံဆန္ဒပြခဲ့သည်။ CDM ဗိုလ်ကြီး လင်းထက်အောင်အပါအဝင် ပြည်ပရောက် ထောက်ပို့များ၊ မြန်မာနိုင်ငံသားများလည်း လာရောက်အားပေးခဲ့ပြီး လူမှုကွန်ရက်မှ ထောက်ပို့များကလည်း ဝန်းရံကူညီခဲ့ကြသည်။

“တချို့လူတွေကျတော့လည်း ကိုယ့်ကိုမထိရင်မနာဘူးဆိုတဲ့လူတွေ ရှိသလို ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်မြန်မာပြည်ငြိမ်းချမ်းဖို့အတွက် စစ်ဘေးမှာပဲသုံးသုံး၊ ရေဘေးမှာပဲသုံးသုံး လက်နက်ကိုင်တော်လှန်ရေးထဲမှာ မတိုက်နိုင်ဘူးဆိုရင်မှပဲ အခုလိုမျိုး သတ္တိရှိရှိနဲ့ ကြိုးစားပြီးတော့လုပ်ပေးနေတဲ့ ပြည်ပထောက်ပို့နေတဲ့အဖွဲ့တွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။”ဟု မြင်းခြံခရိုင်အခြေစိုက် Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ကျပ်သိန်းတစ်ထောင်ပြည့်သွားသော်လည်း အလှူငွေများ ဆက်လက်ရရှိခဲ့ပြီး အညာစစ်ဘေးရှောင်များနှင့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွက် လိုအပ်သည်များ ဖြည့်တင်းထောက်ပို့သွားမည်ဟု ရဲဘော်လှိုင်ကြီးက အသိပေးသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို သြဂုတ် ၁၀ ရက်မှစတင်ကာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့များတွင် စတင်ပြုလုပ်ခဲ့ရာ မြို့ပေါ်စခန်းများအပါအဝင် စစ်ကောင်စီစခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

Facebook