Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် ပျောက်ဆုံးသွားသော စစ်ကောင်စီဗိုလ်မှူး၏ မိသားစုဝင်များအား စစ်တပ်က ဖမ်းဆီး

စစ်ကောင်စီတပ်​ မိသားစုဝင်များအား ကျေးရွာများက နှင်ထုတ်နေ၍ တိမ်းရှောင်နေရဟုဆို

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပျောက်ဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး၏ မိသားစုဝင်များအား စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်​ မိသားစုဝင်များအား ကျေးရွာများက နှင်ထုတ်နေ၍ စစ်တပ်မိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ရေစကြိုမြို့နယ် ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်တိုက်ပွဲတစ်ခုအတွင်း သေဆုံးသို့မဟုတ် ပျောက်ဆုံးနေသော ရေစကြိုမြို့နယ်သား ဗိုလ်မှူးထွန်းလင်းကျော် အား တပ်နှင့်အဆက်သွယ်မရသဖြင့် ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သော ၎င်း၏မိသားစုဝင်များအား စစ်ကောင်စီတပ်က ပြီးခဲ့သည့် စက်တင်ဘာလပထမပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်မိသားဝင်များကိုလည်း ကျေးရွာများက နှင်ထုတ်နေ၍ ကျေးရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

“သူတို့ကို PDFက မဖမ်းပါဘူး။ သူတို့မိသားစုဝင်တွေကို ရွာတွေက နှင်ထုတ်တာပါ။ ရေစကြိုမြို့နယ်အရှေ့ဘက် ရေလယ်ကျွန်းရယ်၊ တောင်ဘက်ခြမ်းက အချို့ရွာတွေရယ်၊ ရေစကြိုမြောက်ဘက်ပိုင်းက ရွာတွေမှာနေတဲ့ စစ်ဗိုလ်မိသားစုတွေ၊ စစ်မှုထမ်းဟောင်းမိသားစုတွေကို ရွာတွေက နှင်ထုတ်တာပါ။ ဩဂုတ်လအကုန်ပိုင်းလောက်က တော်တော်များများ အခြားကို ထွက်သွားကြပြီ။”ဟု ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစု အရေအတွက်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေစကြိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး သြဂုတ် ၂၄ရက်က မအူနယ်မြေရဲစခန်းအား ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။

ထို့အပြင် သြဂုတ်အတွင်းကပင် စစ်ကောင်စီစစ်ကြောင်းအချို့ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများပါ PDF များက သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။