Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်ပြည်သူများအား တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြေပြင်လုပ်ကိုင်နေသူများနှင့်ချိတ်ဆက် အကူအညီပေးရန် နိုင်ငံတကာကို NUG လူ့အခွင့်အရေးဝန်ကြီးတိုက်တွန်း

ရေဘေးကြောင့် ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်လုပ်ဆောင်ရန် နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂအေဂျင်စီအရာရှိများကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောကြားသည်။

ထားအိ/People’s Spring

ရေဘေးကြောင့် ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်လုပ်ဆောင်ရန် နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂအေဂျင်စီအရာရှိများကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောကြားသည်။

ဆွစ်ဇာလန်မြို့၊ ဂျီနီဗာမြို့ ကုလသမဂ္ဂအစည်းအဝေးခန်းမ၌ ယမန်နေ့(စက်တင်ဘာ ၁၉ရက်) နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် သဘာဝဘေးဒဏ်ခံစားရမှုအခြေအနေများကို အထက်ပါ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ရှင်းလင်းပြောကြားပြီး ခေတ်အဆက်ဆက်တွင် စစ်တပ်က လူသားချင်းစာနာမှုအကူအညီများကို ပိတ်ဆို့၊ အမြတ်ထုတ်၊ အလွဲသုံးစားလုပ်ခဲ့သည့်အခြေအနေများကိုလည်း နှိုင်းယှဥ်တင်ပြခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“အခုလက်ရှိမှာလည်း လူသားချင်းစာနာမှုအကူအညီတွေကို သူတို့စိုးမိုးမှု မရှိတဲ့နယ်မြေတွေဆီမရောက်အောင် တားဆီးပိတ်ပင်တာတွေ၊ ကူညီတဲ့ ဘဏ်ငွေလွှဲစနစ်ကို အနှောင့်အယှက်ပြုတာတွေ၊ ရေဘေးကြောင့်တိမ်းရှောင်လာရတဲ့ပြည်သူတွေကို အိမ်ထောင်စုစာရင်းကောက်ဖို့ အတင်းအကြပ်ပြန်ခိုင်းတာတွေကိုလုပ်ဆောင်နေလျက်ရှိပါတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ထို့အပြင်စစ်တပ်က အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအပြင် တိုင်ဖွန်းယာဂီကြောင့် နေအိမ်ဆုံးရူံးခဲ့ရသောပြည်သူများ၏ ‘ဗူးလေးရာ ဖရုံဆင့်’ အဖြစ်များကို မြေပြင်မှရရှိသည့် သတင်းများကို ကိုးကားတင်ပြခဲ့ကြောင်း ဝန်ကြီးက အသိပေးသည်။

လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပြီး NUG အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲပြီး ရေဘေးသင့်ပြည်သူများ အား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်စပ်ဖြတ်ကျော် အစီအစဥ်မှတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်စေလိုကြောင်း အထက်ပါအစည်းအဝေး၌ ဝန်ကြီးက တိုက်တွန်းခဲ့သည်။

ယာဂီမုန်တိုင်း​ကြောင့် ​သေဆုံး​ပျောက်ဆုံးသူ တစ်​ထောင်ခန့်ရှိပြီး ​ရေ​ဘေးသင့်ပြည်သူ ၇ သိန်း​ကျော်ရှိ​ကြောင်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော KNU ၊ KNPP ၊ CNF တို့က ပူးတွဲထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။