Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများသယ်လာသော (၆၀)ကျော်အရွယ်အမျိုးသားနှစ်ဦးအား PDF ဖမ်းဆီး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အသက်(၆၀) ကျော်အရွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း ဂဠုန် PDF နတ်မောက်၏ တာဝန်ရှိသူက ပြောသည်။

မူးယစ်ဆေးဝါးများသယ်ဆောင်လာသော အမျိုးသားနှစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - ဂဠုန် PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အသက်(၆၀) ကျော်အရွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း ဂဠုန် PDF နတ်မောက်၏ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့်တွင် နတ်မောက်မြို့နယ်တနေရာ၌ PDF ရဲဘော်များက စစ်ဆေးရေးပြုလုပ်နေစဥ် ( ၆၀)ကျော်အရွယ် အမျိုးသားနှစ်ဦးထံမှ ဘိန်းမဲ ၁ပိဿာနှင့် စိတ်ကြွမူးယစ်ဆေးပြား အပြား ၄၀၀ သိမ်းဆည်းရမိခဲ့ကြောင်း ဂဠုန် PDF နတ်မောက်၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“အသက်ကြီးတဲ့ ၆၀၊ ၆၁ ဦးလေးကြီးနှစ်ယောက် ခြေကျင်လျှောက်ပြီး သယ်လာတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့တတွေ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာ ဖမ်းမိတာ။ အမှန်ကတော့ ကျွန်တော်တို့ စစ်ကောင်စီ လက်အောက်က ဒလန်သူလျှိူတွေကို ပိတ်ဖမ်းဖို့ စစ်ဆေးနေရင်းနဲ့ သူတို့တွေကို စစ်ဆေးတွေ့ရှိတာပါ။”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဖမ်းဆီးရမိသူနှစ်ဦးအား မည်သို့ဆက်လက်ဆောင်ရွက်သွားမည်ကိုမူ ဂဠုန် PDF နတ်မောက်က အသိပေးထားခြင်း မရှိသေးပေ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေးမြို့ကြီးများတင်သာမက နယ်ဒေသများ၌ပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ပိုမိုပြန့်ပွားလာနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးများအား ရောင်းဝယ်သုံးစွဲခြင်းများ များပြားလာနေ၍ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Facebook