Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စျေးဝယ်ထွက်လာသော စစ်သားများတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး

ဒုအရာခံဗိုလ်အပါအဝင် လေးဦးလက်နက်ချအညံ့ခံ

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် မြိုင် ပကဖ၊မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊စက်မှု(၂)စခန်းမှ စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ဒုအရာခံဗိုလ် အပါအဝင် လေးဦးအညံ့ခံကာ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။

စက်တင်ဘာ ၁၉ရက် နံနက်က မြိုင်မြို့တောင် ဘက်(၃)မိုင်ဝန်းကျင်အကွာရှိ စက်မှု(၂)စခန်းမှ စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးအား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သည့် MA – 1 သေနတ် ၃လက်နှင့် ကျည်ဘောက်၄ခု သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် လေးဦးကလည်း လက်နက်ချအညံံ့ခံခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် မြိုင် ပကဖ၊မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-မြိုင်ပကဖ

“ကျွန်တော်တို့ကအဲမှာ ကင်းပုန်းဝပ်နေတာ ၁၀ ရက်ကျော် ၁၅ ရက်လော​က်ရှိပြီ။ ဒီကောင်တွေ အဲဒီဘက်ကို ထွက်ပြီး စျေးဝယ်တတ်တယ်၊ ထန်းရည်သောက်တတ်တယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်။ သူတို့အနီးနား ဘယ်သူမှမသိအောင် ကိုယ့်ရိက္ခာနဲ့ကို သွားကပ်နေတာ။ ဖြစ်သွားတာက စက္ကန့်သုံးလေးဆယ်လောက်ပဲကြာတာပါ။ သေနတ်ပါတဲ့ သုံးယောက်ကတော့ ပစ်သတ်ပစ်လိုက်တာ။ကျန်တဲ့ လေးယောက်ကတော့ ဒူးထောက်အညံ့ခံတယ်။”ဟု မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်း​ဆီးရမိသူများမှာ ဒုအရာခံဗိုလ် ဖိုးလပြည့်၊ ကပစ(၁၄)မှ တပ်ကြပ်တင်ဝင်း၊ ပျူစောထီးအဖွဲ့ဝင် စိုင်းထက်အောင်နှင့် တပ်ကြပ်တစ်ဦး၏သမီး လုပ်သားဝန်ထမ်း မသဲမြတ်စင်တို့ကို ဖမ်းဆီးရမိကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မြိုင်စက်မှု(၂)စခန်းသည် အာဏာသိမ်းပြီးကတည်းက စစ်တပ်ကတပ်စွဲထားပြီး ကာကွယ်ရေးအဖွဲ့များ၏တိုက်ခိုက်မှု မကြာခဏ ခံနေရသည့်စခန်းတစ်ခု ဖြစ်သည်။

မြိုင်ပကဖနှင့် မဟာမိတ်များသည် သြဂုတ်၂၀ ရက်ကလည်း သာကြီးတောင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၅ ဦး သေဆုံး၍ ၂ ဦး အလံဖြူထောင်အညံ့ခံကာ တစ်ဦး လက်နက်ဖြင့်အရှင်မိခဲ့သည်။

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချရန် မြိုင်ပကဖ က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

Facebook