Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံပစ်ခတ်မှု အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေ

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၀၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်မှုအတွင်းအုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့တနေရာအတွင်း ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

သတိုး/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၀၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်မှုအတွင်းအုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

“အုပ်ချုပ်ရေးမှူးနဲ့ ပျူ ကောင်တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးတယ်ဗျ။သူ့သားကတော့ လက်ထိသွားပါတယ်”ဟု တောင်ဒဂုံမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၀ရက် နံနက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့ကလုပ်ဆောင်သွားသည်ကို မသိရသေးပေ။

“အင်မတန်ဆိုးတဲ့လူပါ အာဏာမသိမ်းခင်ကာလထဲက ကြံ့ဖွတ်ပါတီဝင် ၊ပြည်သူတွေကိုအမျိုးမျိုးခြိမ်းခြောက် စစ်မှုထမ်းထမ်းကိစ္စကိုလည်း တခြားရပ်ကွက်တွေထက် လူဦးရေကိုသတ်မှတ်ထားတာတဲ့ ပိုပေးပြီး တစ်နေ့တစ်နေ့ ငွေညှစ်အကြပ်ကိုင်နေတာ ပထမတစ်ခါလာပစ်တုန်းကလည်း ကံကောင်းသွားတာ အခုတော့ သေရှာပြီ “ဟု ယင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ကာစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယမန်နေ့ညကလည်း သတင်းရသောကြောင့်ဟုဆိုကာ ယင်းမြို့နယ် ကျီစုကျေးရွာဘက်သို့ ရပ်ကျေးအဖွဲ့အပါအဝင် စစ်ကောင်စီတပ်သားများနှင့် ရဲအင်အား ၂၀၀ခန့်က စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် မီဒီယာများက PDFများကပြုလုပ်သည်ဟု စွပ်စွဲထားပြီး အချို့ကလည်း ၎င်းတို့ အချင်းချင်း အဆင်နပြေသောကြောင့် ဟုဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

“အချင်းချင်း စားခွက်လုကြတာ။ ဖြစ်စဉ်က သိန်းငှက်လေးကောင်၊ တကောင်ကို အဘအားကိုးနဲ့ ရာထူးဖြုတ်တာ။ ဟိုက ပြန်တေးပြီး ပြန်သတ်သွားတယ်။ တောင်ဒဂုံက ပြူသိန်းငှက်တွေကြား အဝေမတည့်တဲ့ စားခွက်လုပွဲပေါ့” ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။