Connect with us

Hi, what are you looking for?

သတင်း

နန်းမယ်ခုံမြို့နယ် ရွာ ၁၀ ရွာရေကြီးနိုင်၍ ကုန်းမြင့်​​သို့ အမြန်​ပြောင်း​ရွေ့ရန်အ​ရေး​ပေါ်သတိပေး

ကရင်နီပြည်နယ်အတွင်းရေကြီးရေလျှံမှုများကြောင့် ကျေးရွာ ၁၀ ခု မှပြည်သူများ ကုန်းမြင့်ဒေသသို့ ၂ ရက်အတွင်းပြောင်းရွှေ့ရန် နန်းမယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက အရေးပေါ်ညွှန်ကြားချက်ထုတ်ပြန်သည်။

နန်းမယ်ခုံမြို့နယ်၌ ရေနစ်မြှုပ်နေသည့်နေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ-CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်အတွင်းရေကြီးရေလျှံမှုများကြောင့် ကျေးရွာ ၁၀ ခု မှပြည်သူများ ကုန်းမြင့်ဒေသသို့ ၂ ရက်အတွင်းပြောင်းရွှေ့ရန် နန်းမယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက အရေးပေါ်ညွှန်ကြားချက်ထုတ်ပြန်သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော၊ မှုံပြာ၊ ပလဖ၊ ဒေါပေါ်ကလဲ (ရွာကြီး၊ရွာငယ်)၊ ဒေါ်ဆော်လိ၊ ကယားညေးခူနှင့် နန့်စံခမ်းကျေးရွာများတွင် ရေမြှုပ် ပျက်စီးမှုများရှိနေသည်ဟု အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်အထက်ပါကျေးရွာများ၌ကျန်ရှိနေသောပြည်သူများရေဘေးအသက်အန္တရာယ်ထိခိုက်ပျက်စီး မှုမရှိစေရန် နီးစပ်ရာကုန်မြင့်ဒေသသို့နှစ်ရက်အတွင်းပြောင်းရွှေ့ရန် သတိပေးသည်။

“နန်းမယ်ခုံဘက်မှာက ရေဘေးရှောင်ပြည်သူ သုံးထောင်လောက်ရှိတယ်။ရေကတော့ တက်တက်နေတုန်းပဲ။အရေးပေါ် စားသောက်စရာ နဲ့ မိုးကာ တွေတော့ အမြန်လိုပါတယ်”ဟု နန်းမယ်ခုံမြို့နယ်ရေဘေးကူညီနေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

နန်းမယ်ခုံမြို့နယ်၌ ရေနစ်မြှုပ်နေသည့်နေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ-CJ

ကရင်နီပြည်နယ်ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ရှားတော၊ဖားဆောင်း၊ဘောလခဲ နှင့် ဖရူဆိုမြို့နယ် တွင်ရေဘေးကြောင့်နေရပ်စွန့်ခွာနေရသူ ၂၁,၇၃၉ ဦးရှိ ကြောင်းကရင်နီလူ့အခွင့်အရေးအဖွဲ့ က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ရေဘေးနှင့်မြေပြိုမှုကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သေဆုံးသူ ၁၈ ဦးရှိပြီး ဘောလခဲ၊ရှားတော၊လွိုင်ကော်၊ဖယ်ခုံမြို့နယ်၌ သေဆုံးသူ ၁၀ ဦးရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။