Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာအနီး စစ်ကောင်စီနှင့် ပြည်သူ့စစ် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီး မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် ယနေ့ (စက်တင်ဘာ ၂၃ရက်)နံနက်ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်။

မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီး မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် ယနေ့ (စက်တင်ဘာ ၂၃ရက်)နံနက်ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်။

မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

” ပြည်သူ့စစ်‌တွေနဲ့ စစ်တပ် အတူလုပ်နေတဲ့ ကျားဖြန့်ကို စစ်တပ်က ပြန်ဖမ်းတယ်တဲ့။ သူတို့ချင်း ချနေကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် နံနက် ၈ နာရီခန့်မှ စတင်ဖြစ်ပွားပြီး နေ့လယ် ၁၂ နာရီခန့်တွင် ပိုမိုပြင်းထန်လာကာ ဗုံးပေါက်ကွဲသံ၊ လက်နက်ကြီးသံများကြားနေရကြောင်း မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် စစ်ကောင်စီလည်းအောက်ခံပြည်သူ့စစ်အဖွဲ့ ၆ဖွဲ့ထက်မနည်းရှိပြီး အခုအခါ ၎င်းတို့အချင်းချင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။။

မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်း၌ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်စဉ်ချိန် တရုတ်က ကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဟိုင်ဂင်အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ဘဲ ကျန်နေသည့် မြို့ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် မြို့ပေါ်၌သာ တပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများက ပြောသည်။

ယ‌နေ့တိုက်ပွဲဖြစ်နေသည့် မင်္ဂလာမူဆယ်အိမ်ရာသည် တရုတ်နိုင်ငံနယ်စပ်အနီးရှိပြီး ရွှေလီမြစ်သာခြားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။