Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကသာဆိပ်ကမ်း၌ ညအိပ်

ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်မော်မြို့မှပြန်လည်စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘောလေးစီးသည် ယနေ့(စက်တင်ဘာ ၂၃ရက်)တွင် ကသာမြို့ဆိပ်ကမ်း၌ ညအိပ်ရပ်နားနေသည်။

​ရွှေကူမြို့နယ် က​နေ ဗန်း​မော်မြို့ကို ဧရာဝတီမြစ်​ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်​ကောင်စီတပ်ရဲ့ စစ်ကူ နဲ့ လက်နက်ခဲယမ်းရိက္ခာ​တင် ​​ရေယာဥ်​တွေကို KIA နဲ့ KPDF က စက်တင်ဘာ ၁၇ ရက်မှာတိုက်ခိုက်၊သိမ်းပိုက်၊မီးရှို့ပြီး​နောက် မြင်ကွင်း။ ဓာတ်ပုံ- CJ

သားကြီး/People’s Spring

ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်မော်မြို့မှပြန်လည်စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘောလေးစီးသည် ယနေ့(စက်တင်ဘာ ၂၃ရက်)တွင် ကသာမြို့ဆိပ်ကမ်း၌ ညအိပ်ရပ်နားနေသည်။

” မနေ့က ရွှေကူကနေ ထွက်လာပြီး လမ်းမှာ သောင်တင်တယ်။ ဒီမနက် ၈နာရီလောက်မှာ သောင်ကနေလွတ်လာပြီး ညနေ ၃နာရီမှာ ကသာရောက်လာတယ်။ ဒီည ကသာမှာ ညအိပ်တယ်” ဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကောင်စီသင်္ဘောများသည် ဗန်းမော်မြို့မှ စက်တင်ဘာ၂၁ရက် နံနက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်သည်။

စက်တင်ဘာ၂၂ရက်က ရွှေကူနှင့် ကသာမြို့နယ်စပ်ကို ဖြတ်နေစဉ် မြစ်ကမ်းဘေးကျေးရွာများကို Y12လေယာဉ်ဖြင့် ‌ဗုံးအလုံး ၄၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ ယနေ့လည်း လေကြောင်းမှ လုံခြုံရေးယူ၍ ထွက်ခွာလာခြင်းဖြစ်ပြီး မြစ်ကမ်းဘေးကျေးရွာများကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သင်္ဘောလေးစီးတွင် စစ်သင်္ဘောတစ်စီးပါဝင်ပြီး သင်္ဘောပေါ်မှနေ၍ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်သည့် စစ်ကောင်စီသင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFက တိုက်ခိုက်ရာ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့်သင်္ဘောအပါအဝင် ရေယာဉ်အချို့နစ်မြုပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိခဲ့သည်။

သင်္ဘောငါးစီးဆန်တက်သည်ကို KIA နှင့် PDFက စက်တင်ဘာ ၁၇ရက်တွင်တိုက်ခိုက်ရာ လေးစီးပျက်စီးပြီး ဗန်းမော်မြို့သို့ တစ်စီးသာရောက်ရှိခဲ့သည်။ ထို့နောက် ဗန်းမော်မှသင်္ဘောနှစ်စီးနှင့်အတူ စုစုပေါင်း သုံးစီး ပြန်လည်စုန်ဆင်းလာခြင်းဟု သတင်းရရှိသည်။

ဗန်မော်နှင့် ရွေကူကြား၌တိုက်ခိုက်ခံပြီး ပျက်စီးသွားသည့် သင်္ဘောတစ်စီးကို စစ်ကောင်စီက ပြန်လည်ဆွဲယူလာရာ လက်ရှိတွင် သင်္ဘောလေးစီးရှိနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ချင်းတွင်းမြစ်ကြောင်းတွင်လည်း ကျောက်စိမ်း၊ သစ်လုံးများနှင့် ကြေးနီများတင်ဆောင်လာသော သင်္ဘောများ မုံရွာမြို့မှတစ်ဆင့် မန္တလေးမြို့ဘက်သို့ လေကြောင်းလုံခြုံရေးအကူအညီရယူ၍ စုန်ဆင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

Facebook