Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ စစ်ကောင်စီတိုက်ခိုက်မှုအတွင်း မိသားစုတစ်စုတည်းမှ ကလေးငယ် သုံးဦးအပါအဝင် ၅ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် မိသားစုတစ်စုတည်း ကလေးငယ် သုံးဦးအပါအဝင် ငါးဦး သေဆုံးခဲ့ရသည်။

သေဆုံးခဲ့သည့်မိသားစုဝင်များ၏ ရုပ်အလောင်းများအား ထုပ်ပိုးထားစဥ်။ ဓာတ်ပုံ-VOMDY

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် မိသားစုတစ်စုတည်း ကလေးငယ် သုံးဦးအပါအဝင် ငါးဦး သေဆုံးခဲ့ရသည်။

မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာသို့ စက်တင်ဘာ ၂၁ ရက် နံနက် ၂နာရီခန့်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်က အထိနာ၍ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ပေါက်ဝဲရွာ၊ ညောင်ကုန်း၊ မတ္တရာမြို့နှင့် ထီးတော်မိုးရွာများဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဆူးလေကုန်းရွာမှ အသက် (၅)နှစ်နှင့် (၁)နှစ်အရွယ် သားနှစ်ဦး၊ မိခင်ဖြစ်သူ မအေးခက်၊ အဒေါ်ဖြစ်သူ ဒေါ်နွဲ့ကြည်နှင့် ၎င်း၏ (၆)နှစ်အရွယ် မြေးမတစ်ဦးတို့ သေဆုံးခဲ့ကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

မအေးခက်၏ အမျိုးသားဖြစ်သူ အသက်(၃၆)နှစ်အရွယ် ကိုလှိုင်ကိုဆိုသူလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသရန် အကူအညီများလိုအပ်နေကြောင်း ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိသူ ၄ ဦးအနက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးပါ သေဆုံးသွား၍ စုစုပေါင်းသေဆုံးသူ ၆ဦးအထိရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သုံးဆယ်ပေးက ထိတွေ့ဖြစ်တယ်။ စကစက လက်နက်ကြီးနဲ့ထုတယ်။ သုံးဆယ်ပေးကို မီးတင်တယ်။ လက်နက်ကြီးကြောင့် ပြည်သူတွေ သေဆုံးတယ်။”ဟု ရောင်နီနွေဦး၏ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က Jet Fighter ဖြင့်နှစ်ကြိမ်တိတိ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် သုံးဆယ်ပေးကျေးရွာအား မီးတင်ရှို့သွားပြီး တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

သုံးဆယ်ပေးကျေးရွာသည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး PDF များ ခိုအောင်းနေသည်ဟု စစ်ကောင်စီက စွပ်စွဲလေ့ရှိသည်။ ထို့အပြင် ယခင်ကတည်းက သုံးဆယ်ပေးရွာအား ရွှေချောင်းပျူစောထီးရွာနှင့် တောင်ပြုံးရွာဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook