Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ပျူစောထီးနှစ်ဦးက ရဲတစ်ဦးအား ပစ်သတ်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦးအား ပစ်သတ်ပြီး သေနတ်နှစ်လက်ယူဆောင် ထွက်ပြေးလာသည့် ပျူစောထီးနှစ်ဦး အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အလင်းဝင်လာသူများနှင့် လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦးအား ပစ်သတ်ပြီး သေနတ်နှစ်လက်ယူဆောင် ထွက်ပြေးလာသည့် ပျူစောထီးနှစ်ဦး အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

စက်တင်ဘာ ၁၂ ရက်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်သော ညီညီထွန်းနှင့် ဝေယံမင်းခန့်အောင် တို့သည် ရဲတပ်သား ယောကြီးဆိုသူကို ပစ်သတ် ပြီး G3 သေနတ်တစ်လက်၊ MA1 သေနတ်တစ် လက်နှင့်ကျည်များအား ယူဆောင်ကာ ထွက်ပြေးလာခဲ့ကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ပျူတွေ။ သူတို့ဖအေတွေက မြို့မှာပျူခေါင်းဆောင်။ သူ့အဖေထိန်လင်းဆိုတာ ရပ်ံကွက် (၁)က ပျူခေါင်းဆောင်။ နိုင်ငံရေး စပျက်တဲ့အချိန်မှာ ရွာမနေရဲလို့မြို့ကခွေးတွေနဲ့သွားပေါင်းနေတာ။ ဒီကလေးတွေက ဖုန်းမကိုင်ရ၊ဘာမကိုင်ရဆိုတော့ စိတ်ညစ်ပြီးတော့မှ ဒီကောင်တွေက ရဲကိုပုဆိုးဝယ်သွားချင်တယ်ဆိုပြီး ချော့ပြီး ခေါ်လာပြီးတော့မှခေါ်လာတဲ့ ရဲကိုပစ်သတ်ပြီးတော့မှ ရဲဆီကသေနတ်ယူလာတယ်။ သူတို့ပေးထားတဲ့ကာဘိုင်ကို တခြားနေရာကိုလွှင့်ပစ်ခဲ့တယ်။ မနေ့တုန်းကသွားရှာတဲ့အချိန်မှာ အဲကာဘိုင်ပါတွေ့ခဲ့တာ”ဟု ကိုလက်ယျာက ပြောသည်။

ရဲတပ်သားအား ပစ်ခတ်ခဲ့ခြင်းရှိ၊မရှိ စုံစမ်းရာ အမှန်တကယ်ပစ်ခတ်ခဲ့သည်ဟု သိရှိရကြောင်း၊သူလျှိုအဖြစ် ဝင်ရောက်လာခြင်းမျိုး မဖြစ်စေရန် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်ဟု မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အလားတူ စက်တင်ဘာ ၁၅ရက်ကလည်း မြိုင်မြို့ပေါ်မှ မန္တလေးမြို့စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိ စစ်ကောင်စီတပ်သား ဦးလှဖြူဆိုသူသည် AK အမျိုးအစား သေနတ်တစ် လက်၊ ကျည်များယူဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံလာခဲ့ကြောင်း မြိုင်ပကဖက ထပ်မံအသိပေးသည်။

စက်တင်ဘာ ၁၇ ရက်ကလည်း မြိုင်မြို့အထက (၂)၌ တာဝန်ကျနေသော စစ်ကောင်စီ၏ ဒုတပ်ကြပ်အဆင့်ရှိသူ ဇွဲလင်းပိုင်ဆိုသူသည် ထွက်ပြေးလာခဲ့ပြီး HK သေနတ်အမျိုးအစား တစ်လက်၊ ကျည်များယူဆောင်၍ မြိုင်ပကဖထံအလင်းဝင်ရောက်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

ဒုတပ်ကြပ် ဇွဲလင်းပိုင်သည် စစ်ကောင်စီ၏ ပြည်သူ့အပေါ်တွင် အပြုအမူလုပ်ရပ်များအား သည်းမခံနိုင်တော့သည့်အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံအလင်းဝင်ရောက်လာမည့်သူများ များစွာရှိသေးကြောင်း ပြောဆိုလာခဲ့သည်ဟု မြိုင်ပကဖက ဆိုသည်။

အလင်းဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ပေးအပ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသောကြောင့် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် တပ်သားများ၊ ပျူစောထီးများအနေဖြင့်လည်း ပြည်သူကို နည်းမျိုးစုံနှင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် စစ်တပ်အား စွန့်ခွာပြီး ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ပူးပေါင်းရန် မြိုင်ပကဖက တိုက်တွန်း သတင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။