Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံ​​ကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒထုတ်ဖော်

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်ဟာ “ Our Ambassador Myanmars Voice” ဘန်နာကို ကိုင်ဆောင်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ “ Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး ကုလသမဂ္ဂသံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားခဲ့ကြပါတယ်။

ယင်းမာပင်မြို့အဝင်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “ ငါတို့မြို့ ငါတို့ပိုင်တယ်” စာသားကိုင်စွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပြီး စစ်အကြမ်းဖက်အုပ်စုမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား၊ ရဲတွေကို ပြည်သူ့ထံ အလင်းဝင်ပြီး ပြည်သူနဲ့အတူရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွ​ယ်ထားတဲ့ စစ်ကိုင်းတံတားမှာ လကုန်ရက်ပိုင်းအတွင်းကုန်ကားသမားတွေကိုပစ်မှတ်ထားပြီး စစ်သား စုဆောင်းတာကြောင့်ကုန်ကားအချို့ ပြေးဆွဲတာကိုရပ်နားထားရတယ်လို့ ယာဉ်မောင်းတွေထံကသိရပါတယ်။

သတင်း

စစ်တပ် ငါးဦးထက်မနည်းသေ၊ လက်နက်တွေသိမ်းရတယ်လို့ ယူနီကွန်းပြော

သတင်း

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့သွားရာ စစ်ကောင်စီတပ်သားတွေ ကြောက်လန့်ထွက်ပြေးသွားခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ (UGF)က ထုတ်ပြန်ပါတယ်။