Connect with us

Hi, what are you looking for?

သတင်း

ဆုံးရှုံးထားသည့် မိုးမောက်ပြန်ရရေး စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင်

KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ဆုတ်ခွာရ

KIA ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်တွင် မိုးမောက်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၄၃၇) တပ်ရင်းကို သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက် – ဗန်းမော်မြို့နယ် ကြားတွင် ယမန်နေ့ (စက်တင်ဘာ ၂၄ရက်)က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စက်တင်ဘာ ၂၄ရက်တွင် မိုးမောက်မြို့ (၇)မိုင် တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ တင့်ကားအပါအဝင် ခြေလျင်ဖြင့်ထိုးစစ်ဆင်လာ၍ KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီ တပ်ဆုတ်သွားကြောင်း KIA သတင်းပြန်ကြားရေးဌာန၏ ယမန်နေ့ညသတင်းဖော်ပြချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာသို့ ဒရုန်းဖြင့် ၆ကြိမ်၊ လက်နက်ကြီး အကြိမ် ၅၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

KIA ပူးပေါင်းတပ်များသည် မိုးနောက်၌ နောက်ဆုံးကျန်နသည့် စစ်ကောင်စီတပ် ခမရ(၄၃၇)ကို ဩဂုတ် ၁၉ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဗန်းမော်ဘက်မှ တဆင့် ထိုးစစ်ဆင်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

စစ်ဆင်ရေးအတွင်း တိုက်လေယာဉ်၊ဒရုန်း၊ လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့ သော်လည်း KIA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ခမရ(၄၃၇)သည် ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် ကာကင်းစခန်း ဖြစ်ပြီး အဆိုပါ တပ်စခန်းမကျရေး စစ်ကောင်စီက စစ်အင်အား၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ အသုံးပြု ခုခံခဲ့သော်လည်း KIA၊ PDF နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင့် စစ်ကောင်စီတပ် သံချပ်ကာယာဉ်နှင့် တင့်ကား ၃စီးထက်မနည်းတိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိထားသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က တိုက်ပွဲကာလအတွင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook