Connect with us

Hi, what are you looking for?

သတင်း

ရေဘေးအတွင်း သေဆုံးနှင့်ပျောက်ဆုံးသူ လူဦးရေ ၁,၀၀၀ ကျော်အထိရှိလာဟု NUG အသိပေး

ရေဘေးဆိုးရွားမှုအတွင်း သေဆုံးသူနှင့်ပျောက်ဆုံးသူ လူဦးရေ ၁,၀၀၀ ကျော်အထိရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ယနေ့ ထုတ်ပြန်သည်။

လွိုင်ကော်မြို့နယ် ဘုရားနီကျေးရွာမှ ရေဘေးဒုက္ခသည်တစ်ဦးကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ − EPA

ရဲခေါင်/People’s Spring

ရေဘေးဆိုးရွားမှုအတွင်း သေဆုံးသူနှင့်ပျောက်ဆုံးသူ လူဦးရေ ၁,၀၀၀ ကျော်အထိရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ယနေ့ ထုတ်ပြန်သည်။

ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ဒေသခံပြည်သူသိန်းချီ ရေဘေးဒဏ်ကြုံတွေ့ခံစားနေရပြီး သေဆုံးနှင့်ပျောက်ဆုံး လူဦးရေ ၁,၀၀၀ကျော်အထိ ရှိလာပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ရေဘေးဒဏ်သင့် ပြည်သူများထံ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်းလည်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ တပ်ရင်းစစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များသည် ၎င်းတို့စိုးမိုးထိန်းချုပ်နယ်မြေများအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ငွေသား၊ ရိက္ခာခြောက်များ ပေးပို့နေကြောင်း အသိပေးသည်။

စက်တင်ဘာ ၁၃ ရက်ကလည်း ရေဘေးကူညီကယ်ဆယ်ရေးများပြုလုပ်စဥ် ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တွင် PDF တပ်သားတစ်ဦး အသက်စွန့်လွှတ်ခဲ့ရသည်။

နိုင်ငံတဝန်း ရေကြီးမြေပြိုခြင်းကြောင့် သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ဦး၊ ရေစီးဖြင့် မျောပါသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၄၇ ဦးသာရှိကြောင်း စစ်ကောင်စီက ဆိုထားသည်။

“ကျွန်တော်တို့ ဟိုပုံးဘက်မှာဆို မြေပြိုတာရော ရေကြီးလို့ပါသွားတာ အယောက်နှစ်ဆယ်လောက်ရှိတယ်။ဘယ် စကစ အဖွဲ့အစည်းမှ လာပြီးစာရင်း ကောက်တာမရှိသလို။လာထောက်ပံ့တာ မရှိဘူး။တစ်နိုင်တစ်ပိုင် အလှူရှင်တွေဆီကပဲ မျှော်ကိုးနေရတာ။ပြီးတော့ ဟိုပုံး အရှေ့ဘက်က လွိုင်လင်မြို့မှာ ဆိုလည်း သေဆုံးတာတွေကြားရတယ်”ဟု ဟိုပုံးမြို့ ရေဘေးကူညီနေသူတစ်ဦးက လူထထုနွေဦးသို့ ပြောသည်။

မြေပြင်သတင်းအချက်အလက်များအရ ရမည်းသင်းနှင့် ကလောမြို့ ၌ပင် ရေဘေးကြောင့် သေဆုံးသူ ၃၂၈ ဦးရှိပြီး ပျောက်ဆုံးသူ ၂၀၀ခန့်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ