Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် ဖုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဒေသခံသုံးဦး သတ်ဖြတ်၊ နေအိမ်များ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဖုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံသုံးဦး သတ်ဖြတ်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြင်းခြံမြို့၌ ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဖုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံသုံးဦး သတ်ဖြတ်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၂၅ ရက်)နံနက်ပိုင်းက မြင်းခြံ အမှတ်(၁၅)ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဖုံကျေးရွာသို့ဝင်ရောက်ကာ ရွာသားများဖြစ်သော ကိုရဲဝင်း၊ ကိုကျော်စွာနှင့် ကိုမျိုးဇင်ဆိုသူတို့အား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“မီးမရှို့ခင် အရင်သတ်သွားတာ။ ရွာကိုအစောပိုင်း မနက်လေးနာရီ၊ ငါးနာရီလောက်က လာတာကား သုံးစီးနဲ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေ မသိရသေးဟု ၎င်းတို့က ပြောသည်။

စက်တင်ဘာ ၁၆ ရက်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မြင်းခြံခရိုင်ပကဖဒုခေါင်းဆောင် ကိုအီးတီအပါအဝင် ၅ဦးအား ဖမ်းဆီးသတ်ဖြတ်သွားခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ ခြေဆေးရွာအား ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် ​ဗုံးချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

မြင်းခြံမြို့နယ်သည် သြဂုတ်၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ ကျေးရွာအများအပြားအား စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။