Connect with us

Hi, what are you looking for?

သတင်း

ရုရှား နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်ကြောင်း အနောက်နိုင်ငံတွေကို ပူတင် သတိပေး

နိုင်ငံပိုင်နက်ကို သမားရိုးကျ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ ခံလာရရင်တောင် ရုရှားဟာ နျူကလီးယား လက်နက်တွေကို ထုတ်သုံးပြီး လက်တုံ့ပြန်နိုင်ခြေ ရှိတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံပိုင်နက်ကို သမားရိုးကျ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ ခံလာရရင်တောင် ရုရှားဟာ နျူကလီးယား လက်နက်တွေကို ထုတ်သုံးပြီး လက်တုံ့ပြန်နိုင်ခြေ ရှိတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို ခြိမ်းခြောက် သတိပေးလိုက်တဲ့ မှတ်ချက်စကားမျိုးလို့လည်း ယူဆလို့ ရပါတယ်။ ယူကရိန်း အစိုးရဟာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်ရာမှာ အသုံးပြုခွင့်ပေးဖို့ အပူတပြင်း တောင်းဆိုနေချိန်မှာ ပူတင်က အခုလိုမျိုး ပြောဆိုခဲ့တာပါ။

ရုရှားဟာ နိုင်ငံပိုင်နက်ကို ကျူးကျော်ထိပါး ခံလာရတဲ့ တိုက်ခိုက်မှုတိုင်းကို လက်တုံ့ပြန်ရာမှာ နျူကလီးယား လက်နက်တွေကို ထည့်သွင်းအသုံးပြုသင့်တဲ့ ရင်းမြစ်အဖြစ် စဉ်းစားမယ်လို့ ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သာမန်အားဖြင့် ရုရှားဟာ နျူကလီးယားနဲ့ တိုက်ခိုက်ခံရမှုတွေကို လက်တုံ့ပြန်ဖို့ အတွက်သာ နျူကလီးယား လက်နက်တွေ သိုမှီးထားတယ်လို့ မူဝါဒ သတ်မှတ်ထားပေမယ့် အခု သဘောတရားအရ အဲဒီ စံသတ်မှတ်ချက်ကို အဆင့်လျှော့ချလိုက်တဲ့ အဓိပ္ပါယ် ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် ပူတင်ဟာ ပိုမို လျော့နည်းတဲ့ ခြိမ်းခြောက်မှုမျိုး အတွက်တောင် နျူကလီးယား လက်နက်တိုက် တံခါးကို ဆွဲဖွင့်မယ် ဆိုတာမျိုး ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ် ပူတင်ဟာ ရုရှား လုံခြုံရေး ကောင်စီ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အခုလို ပြောဆိုသွားတာပါ။ ရုရှားအနေနဲ့ ပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှု အသစ်တွေရဲ့ သဘောသဘာဝနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှု အခင်းအကျင်းတွေကို လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ခြင်း မရှိတဲ့ နိုင်ငံတစ်ခုဟာ ရုရှားအပေါ် ရန်လို တိုက်ခိုက်လာပြီး အဲဒီနိုင်ငံကို နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုခုက အားပေးတာ၊ ထောက်ခံတာ၊ လက်နက် တပ်ဆင်တာတွေ ရှိနေတယ်ဆိုရင် ရုရှားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုကပါ ပူးပေါင်းတိုက်ခိုက်လာမှုကို ကြုံတွေ့တယ်လို့ ယူဆသင့်ကြောင်း ပူတင်က ပြောပါတယ်။ ဒါဟာ လက်ရှိမှာ ယူကရိန်းကို အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက လက်နက် တပ်ဆင်ပေးနေတဲ့ အခြေအနေကို တိုက်ရိုက် ထင်ဟပ်စေတဲ့ စကားလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အရေအတွက် အများဆုံး ပိုင်ဆိုင်ထားတဲ့ ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲ စတင်လာချိန် ကတည်းက အဲဒီ ဖျက်အားပြင်း လက်နက်တွေကို လိုအပ်လာရင် ထုတ်သုံးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ရုရှားဟာ အဲဒီ စစ်လက်နက်တွေကို ထုတ်သုံးမယ့် အလားအလာ မရှိဘူးလို့ ယူဆထားသလို လက်တွေ့ အသုံးပြုခဲ့ရင်လည်း ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို အလေးအနက်တွေးဖို့ ပူတင်ကို သတိပေးထားခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။