Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေး စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် ဒီကနေ့ (စက်တင်ဘာ ၂၅) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် ဒီကနေ့ (စက်တင်ဘာ ၂၅) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ “ခေတ်ဟောင်းချိုးဖျတ် ဒို့မျိုးဆတ်” သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်း အားထောက်ခံကြောင်း ကြွေးကြော် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် လူထုထောက်ခံသပိတ် ထွက်ရှိခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန် ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲ လုပ်ဆောင်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “Our Ambassador, Myanmar’s Voice” ၊ “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ ကလေးလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။