Connect with us

Hi, what are you looking for?

သတင်း

လားရှိုးလေကြောင်းတိုက်ခိုက်မှု အရပ်သား ၂ဦးသေဆုံး၊ ၆ဦးဒဏ်ရာရဟု MNDAA အသိပေး

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ရှောင်ရန်အချက်များ ထုတ်ပြန်

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မစျေး ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့နံနက်အစော၌ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူများအနက် ၄ဦးမှာ ဒဏ်ရာပြင်းထန်ဟု အသိပေးသည်။

စက်တင်ဘာ ၂၇ ရက်နံနက် ၃ နာရီခွဲမှစ၍ စစ်ကော်စီသည် လားရှိုးမြို့ ရပ်ကွက်(၂) မြို့မစျေးကြီးအနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ရပ်ကွက် (၁) ရှိလူနေရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုသေဆုံးထိခိုက်ခဲ့ရပြီး ဒဏ်ရာရသူများကို ဆေးကုသမှု ပေးလျက်ရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေထူထပ်သော ရပ်ကွက်အတွင်း ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်၊ အဆောက်အဦးများစွာ လည်း ပျက်စီးခဲ့ရဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခုက်မှုကြောင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်ကြရသည့်အပြင် ပျက်စီးဆုံးရှုံးမှုများကြောင့် အခက်အခဲများစွာ ကြုံနေရသည်ဟုလည်း အသိပေးထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ လူသားချင်း စာနာမှု ကင်းမဲ့စွာ ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် မြို့ပြန်လည်ထူထောင်ရေးတွင်များစွာ အနှောက်အယှက်ဖြစ်ရသည့်အပြင် ပြည်သူများ စိုးရိမ်ပူပန်မှု မြင့်တက်နေရကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်တွင်ရေးသားဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကြိုတင်ကာကွယ်ရန်အတွက် ဆောင်ရန် ရှောင်ရန်အချက်များကိုလည်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်တွင် ယနေ့ ထုတ်ပြန်ခဲ့သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် နိုင်ငံတကာလေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များကို အသိပေးဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဆောင်ရန် ၊ ရှောင်ရန်အချက်များမှာ ဘေးကင်းသော ခိုလှုံရာနေရာများကို ကြိုတင်ပြင်ဆင်ထားရန် ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးကင်းစေရန် အနီးနားရှိ အမိုးအကာများ သို့မဟုတ် မြေအောက် ကတုတ်ကျင်းများကို ရှာဖွေပြင်ဆင်ထားရန်၊ နေအိမ်ပတ်ဝန်းကျင်တွင် ကြိုတင်ပြင်ဆင်ထားသော အမိုးအကာမရှိပါက၊ ထူထဲသောနံရံများနှင့် ပြတင်းပေါက်မပါသောအခန်း သို့မဟုတ် မြေအောက်ခန်းကဲ့သို့သော သင့်အိမ်ရှိ ဘေးကင်းသောအခန်းကို ခိုဝင်နိုင်ရန် ပြင်ဆင်ရှင်းလင်းထားရန်ဖော်ပြသည်။ နံရံနှင့် ကပ်လျက်မနေပဲ အနည်းငယ်ခွာ‌ပြီး မြေပြင်ပေါ်ဝပ်နေရန် အကြံပြုထားသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုချင်းဆက်သွယ်ရမည့်နည်းလမ်းတို့ကို အရေးပေါ်အစီအစဉ်တစ်ခုကြိုတင် ပြုလုပ်ထားရန်၊ မိသားစုဝင်တစ်ဦးစီတိုင်းသည် အနီးဆုံးဘေးကင်းသောနေရာကိုသိပြီး အဆက်အသွယ်ပြတ်တောက်မှုဖြစ်သည့်အခါတွင် ဆက်သွယ်ရမည့်နည်းလမ်းများကို ပြင်ဆင်ထားရန် အကြံပြုထားသည်။

အရေးပေါ်အသုံးပြုနိုင်‌ရန်ပစ္စည်းများ ပြင်ဆင်ထားရန်လည်း ဖော်ပြသည်။

အစားအသောက်၊ ရေ၊ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ၊ ဓာတ်မီး၊ ခရီးဆောင်ရေဒီယို၊ ဘက်ထရီအပိုနှင့် အရေးကြီးစာရွက်စာတမ်းများကဲ့သို့ အရေးကြီးသော စာရွက်စာတမ်းများပါသော အိတ်တစ်လုံးကို ကြိုတင်ထုပ်ပိုးထားရန်၊ ဖုန်မှုန့်များ၊မှန်ကွဲစများ၊ဗုံးစများ ကို ကာကွယ်ရန် စောင်များ ကဲ့သို့သော အကာအကွယ်ပစ္စည်းများ ကိုလည်း ပြင်ဆင်ထားရန် အကြံပြုထားသည်။

ထို့အပြင် တိုက်ခိုက်ရေး ဂျက်လေယာဉ်သံများ ပေါက်ကွဲသံများကြားပါက ၊ အိမ်ထဲ သို့မဟုတ် အနီးဆုံးအဆောက်အအုံကြီးများထဲကို ချက်ချင်းဝင်ကာ သင့်အိမ် သို့မဟုတ် အဆောက်အအုံ၏ အကာကွယ်ရဆုံးနေရာကို ရှာရန် အကြံပြုထားပြီး ပြတင်းပေါက်များနှင့် နီးသောနေရာများကို ရှောင် သတိပေးသည်။

ဗုံးပေါက်ကွဲစဉ်တွင် ကွဲအက်နိုင်သော မှန်ပြတင်းပေါက်ကြီးများရှိသော ဟင်းလင်းပြင်နေရာများ သို့မဟုတ် ဗုံးဒဏ်မခံသော အဆောက်အဦများနှင့် ဝေးဝေးတွင်နေရန် ဖော်ပြသည်။အမိုးအကာမရှိပါက မြေနိမ့်ပိုင်း ကြမ်းပြင်ပေါ်တွင် ပြားပြားလေးမှောက်ထားပြီး ခေါင်းကို အုပ်ပြီး တတ်နိုင်သမျှ ကာကွယ်ထားရန် အကြံပြုသည်။

တောက်ပသော မီးတောက်မီးလျံကို မြင်သည့်အခါ သို့မဟုတ် ပေါက်ကွဲသံကို ကြားပါက၊ ပေါက်ကွဲလွင့်ထွက်လာသော အပျက်အစီးများ မှ ကာကွယ်ရန် သင့်ဦးခေါင်းကို မြေပြင်ပေါ်သို့ ချက်ချင်း ငုံ့ပြီး အုပ်ထားရန်အကြံပြုသည်။ အပျက်အစီးများ ပြုတ်ကျခြင်း၊ ထပ်ဆင့်တိုက်ခိုက်မှု (သို့မဟုတ်) ပေါက်ကွဲမှုနောက် တစ်ကြိမ် ဖြစ်နိုင်သောကြောင့် ပေါက်ကွဲပြီးနောက် အနည်းဆုံး ၁၀မိနစ်အတွင်း အိမ်ထဲတွင်နေရန်လည်း အကြံပြုထားသည်။

ဗုံးဒဏ်မခံသော အဆောက်အဦများ၌ ပုန်းခိုခြင်းကို ရှောင်ကြဉ်ရန် သတိပေးသည်။

လူထူထပ်လေ့ရှိသော‌နေရာများ၊ သို့မဟုတ် ပစ်မှတ်များဟု ယူဆနိုင်သည့် ကြီးမားသောလူစုဝေးရာနေရာများကို ရှောင်ကြဉ်ရန်လည်း သတိပေးသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားနိုင်သည့် အစိုးရအဆောက်အအုံများ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ သို့မဟုတ် အခြားသာမာန်အဆောက်အအုံငယ်များကို ရှောင်ကြဉ်ရန် ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုများတွင် မှန်ကွဲစထိမှန်ခြင်းမှ ကာကွယ်ရန်နှင့် ပေါက်ကွဲခြင်းမှ ဖိအားလှိုင်းများကြောင့် သင့်အိမ်အတွင်းပိုင်း ပျက်စီးမှုမဖြစ်စေရန် ပြတင်းပေါက်များနှင့် တံခါးများအားလုံးကို သေချာပိတ်ထားရန်ဖော်ပြထားပြီး ဖြစ်နိုင်လျှင် ပြတင်းပေါက်များကို တိပ် သို့မဟုတ် ပိတ်စများကပ်ထားပြီး စောင်များဖြင့် အုပ်ထားရန် အကြံပြုထားသည်။

တိုက်ခိုက်ခံရပြီးနောက် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြထားရာ အမိုးအကာမှ မထွက်ခွာမီ အလုံးစုံရှင်းလင်းသော အချိန်ကို စောင့်ရန်၊ ရွှေ့ပြောင်းရန် ဘေးကင်းကြောင်း သေချာစေရန် အာဏာပိုင်များထံမှ ပြောကြားချက်ကို ဆက်လက်စောင့်ဆိုင်းရန် အကြံပြုသည်။

မပေါက်ကွဲသေးသည့် လက်နက် သို့မဟုတ် အပျက်အစီးများကို သတိထားရန် သတိပေးထားပြီး သံသယဖြစ်ဖွယ် တစ်စုံတစ်ရာကို မထိရန်နှင့် အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရန် အကြံပြုထားသည်။

သွေးထွက်ခြင်း၊ မီးလောင်ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများကို ကုသနည်းအပါအဝင် ဒဏ်ရာရရှိသည့်အခါ အခြေခံ ရှေးဦးသူနာပြုနည်းကို သိရှိအောင် လုပ်ဆောင်ထားရန်နှင့် ကိုယ်တိုင်ရှေးဦးသူနာပြုစုနည်းကို တတ်ပါက အခြားသူများကိုညွှန်ကြားပြီး ၎င်းတို့အား ဘေးကင်းစေရန် ကူညီပေးခြင်း သို့မဟုတ် အရေးပေါ်ကူညီကယ်ဆယ်ရေးများ ရောက်ရှိလာသည်အထိ ဆေးဝါးအကူအညီပေးခြင်းဖြင့် နေအိမ်ပတ်ဝန်းကျင်အတွင်းရှိ အခြားသူများကို ကူညီပေးရန် အကြံပြုထားသည်။

ရပ်ရွာအတွင်း ကြိုတင်ပြင်ဆင်မှုကိုလည်း ဖော်ပြထားရာ ဘေးကင်းသောဇုန်များ ခွဲခြားသတ်မှတ်ခြင်းနှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ်သူများကို ပြုစုစောင့်ရှောက်ခြင်း အပါအဝင် အနီးနားလေကြောင်းရန်ကာကွယ်ရေးအစီအစဥ်ကို ရေးဆွဲရန်အတွက် ဒေသတွင်းအာဏာပိုင်များ သို့မဟုတ် ရပ်ရွာအုပ်စုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အကြံပြုထားသည်။

လုပ်ဆေင်ရမည့်အချက်များကို ဖော်ပြရာ မြေအောက်ခန်းမရှိပါက ပြတင်းပေါက်မရှိသော အခန်းကိုရွေးချယ် ‌ပုန်းခိုရန်၊ ပြတင်းပေါက်မှန်များကို တိပ်များဖြင့်ကပ်ထားခြင်း သို့မဟုတ် စောင်များဖြင့်ကာထားခြင်း ပြုလုပ်ရန်၊ အကာအကွယ်မရှိပါက စားပွဲခုံအောက်တွင်နေထိုင်ရန်နှင့်အခင်းစောင်များ မွေ့ယာများ ဖြင့် ခန္ဓာကိုယ်ကိုကာထားရန်၊ မြေပြင်ပေါ်တွင် ပါးစပ်အနည်းငယ်ဟကာ ဝပ်နေရန်၊ သောက်သုံးရေကို အသင့်ဆောင်ထားရန် တို့ ပါဝင်သည်။

အိမ်အပြင်ကို ထွက်မကြည့်ရန်၊ အပြင်ထွက်ပြီးဓာတ်ပုံ ဗီဒီယို မရိုက်ရန်၊နံရံကိုမှီခြင်း မပြုလုပ်ရန်၊ ပြတင်းပေါက်နားတွင် မနေရန်နှင့် ဟင်းလင်းပြင်တွင် လုံး၀ မနေရန် စသည့် ရှောင်ရန်အချက်များကိုလည်းဖော်ပြထားသည်။

လားရှိုးမြို့ကို MNDAAက ဩဂုတ် ၃ရက်တွင် သိမ်းပိုက်ပြီးပြန်လည်ထူထောင်ရေးဖော်ဆောင်နေစဉ် စစ်ကောင်စီက ဩဂုတ်လကုန်ပိုင်းမှစ၍ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာရာ စက်တင်ဘာ နောက်ဆုံးပတ်တွင် လေကြောင်း တိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကို ယမန်နေ့( အောက်တိုဘာ ၇ရက်)ည ၁၁နာရီခန့်က စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား ၁၅ဦထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

Facebook