Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုပူးပေါင်းပါဝင်သူများကို ထိရောက်စွာအရေးယူမည်ဟု ချင်းညီနောင် ကြေညာ

စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုအပေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဘောထား ထုတ်ပြန်ကြေညာခဲ့ရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။

ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ကန်ပတ်လက် CDF

“စကစ ယန္တရားသက်ဆိုးရှည်ရေးအတွက် အားပေးအားမြှောက်လုပ်ပြီး စာရင်းကောက်တဲ့သူတွေကို ပြည်သူများအနေနဲ့ စောင့်ကြည့် စာရင်းယူဖို့လိုမယ်”

— ဆလိုင်းဘွေအုပ်

ဟန်နွေ/People’s Spring

စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုအပေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဘောထား ထုတ်ပြန်ကြေညာခဲ့ရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။

စစ်ကောင်စီသည် အောက်တိုဘာ ၁ရက်မှ ၁၅ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်နေမှုသည် စစ်ကောင်စီ၏ အာဏာ သက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများအနေဖြင့် စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲအတွက်၊ သန်းခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည် နိုင်မည့် အခြားကိစ္စရပ်များတွင် အသုံးပြုရန်အတွက် ရည်ရွယ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး၊ စစ်ကောင်စီ၏ အာဏာမက်မောမှုကို ပြသနေခြင်းသာဖြစ်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ချင်းညီနောင်အနေဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

” ဖမ်းဆီးတာပြင်းပြင်းထန်ထန် ပြစ်ဒဏ် ပေးခံရတာမျိုးရှိလာမှာဖြစ်တယ်” ဟု ချင်းညီနောင် ပြန်ကြားရေး အဖွဲ့ဝင်ဆလိုင်းဘွေအုပ်က ပြောသည်။

ချင်းညီနောင်အဖွဲ့ဝင်များ၏ လှုပ်ရှားနယ်မြေများတွင် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ တို့ပါဝင်သည်ဟု ဆိုသည်။

” သန်းခေါင်စာရင်း ကောက်ခံရာမှာ အဓိက စကစ ထိန်းထားတဲ့ မြို့ပေါ်တွေမှာဘဲ ကောက်နိုင်မယ့် အနေအထားပါ။မြို့တွေကလည်း စစ်ဘေးရှောင်တဲ့ လူဦး‌ရေစာရင်းက ပိုများနေတယ်”ဟု ဆလိုင်းဘွေအုပ်က ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန်လည်း ချင်းညီနောင်က တောင်းဆိုထားသည်။

” စကစ ယန္တရားသက်ဆိုးရှည်ရေးအတွက်အားပေးအားမြှောက် လုပ်ပြီး စာရင်းကောက်တဲ့သူတွေကို ပြည်သူများအနေနဲ့ စောင့်ကြည့် စာရင်းယူဖို့လိုမယ်”ဟုလည်း ဆလိုင်းဘွေအုပ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် Non CDM ပညာရေးဝန်ထမ်းများအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများကို သင်တန်းပို့ချထားပြီးဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် မနက်ဖြန် အောက်တိုဘာ ၁ရက်တွင် အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရန် အောက်ခြေ Non CDM ဝန်ထမ်းများအား ဖိအားပေးနေသည်။

သို့သော် မြေပြင်တွင်မူ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်များ၌ပင် မကောက်ရဲဘဲ နေအိမ်များထံ စာရွက်လိုက်ဝေ၍ ဖြည့်ခိုင်းထားရသည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များအား လိုအပ်သလို အကာအကွယ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ဟာအရေးကြီးပြီး ဦးဆောင်သူအချို့ မှားတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တခုလုံးရော အခြားခေါင်းဆောင်များရောနဲ့ ဦးဆောင်သူတွေကို ယုံကြည်လို့ နောက်လိုက်သူတွေ နစ်နာမှု ဖြစ်ရကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။