Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ရန် အစည်းအဝေးလုပ်နေသည့် ကြည့်မြင်တိုင် ရပ်ကွက်ရုံးနှစ်ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေပြီး ၉ ဦးဒဏ်ရာရဟုဆို

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း‌ ကောက်ယူရန် အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

ရန်ကုန်မြို့လယ်တွင် တားဆီးထားသော ဘယ်ရီဂိတ်များအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

သတိုး/People’s Spring

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း‌ ကောက်ယူရန် အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းနှင့် စက် ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာ ၃၀ရက် နေ့လည် ၁၂ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

အလတ်ချောင်းရုံး ပေါက်ကွဲတွင် ဒဏ်ရာရရှိသူ ငါးဦးရှိကာ တစ်ဦးသေဆုံး‌သည်ဟု သိရပြီး စက်ဆန်းရုံး ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူလေးဦးအနက် နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

အဆိုပါပေါက်ကွဲမှု နှင့်ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရန်ချန်နယ်များ၌ ရပ်ကွက်နေပြည်သူများ Smart Card ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း လိမ်လည် ဝါဒဖြန့်နေသည်။

“အခုထိတာ အုပ်ကြီး ၊ အုပ်ကြီးမိန်းမ၊ ပျူ၊ ဒလန်နဲ့ သန်ခေါင်စာရင်းကောက်ဖို့ လုပ်နေတဲ့ ရုံးစရေးမတွေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မနက်ဖန် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြေညာထားပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ကူညီသူများကို ပြစ်ဒဏ်ပေးမည်ဟု ကြေညာထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုအပေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဘောထား ထုတ်ပြန်ကြေညာခဲ့ရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၁ရက်မှ ၁၅ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်နေမှုသည် စစ်ကောင်စီ၏ အာဏာ သက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ချင်းညီနောင်က ဖော်ပြသည်။

လက်ရှိတွင် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် Non CDM ပညာရေးဝန်ထမ်းများအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများကို သင်တန်းပို့ချထားပြီးဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် မနက်ဖြန် အောက်တိုဘာ ၁ရက်တွင် အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရန် အောက်ခြေ Non CDM ဝန်ထမ်းများအား ဖိအားပေးနေသည်။

သို့သော် မြေပြင်တွင်မူ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်များ၌ပင် မကောက်ရဲဘဲ နေအိမ်များထံ စာရွက်လိုက်ဝေ၍ ဖြည့်ခိုင်းထားရသည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များအား လိုအပ်သလို အကာအကွယ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။