Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ လ၃၀ ရက်) ညနက်ပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်လေကြောင်းမှထပ်မံဗုံးကြဲသည်။

စက်တင်ဘာ ၂၉ ညတွင်လာရှိုးမြို့ ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-MNDAA

မိထက်/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ လ၃၀ ရက်) ညနက်ပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်လေကြောင်းမှထပ်မံဗုံးကြဲသည်။

စက်တင်ဘာ ၃၀ ရက်ည ၉နာရီ၅၉မိနစ်နှင့် ၁၀နာရီ ၅မိနစ်၌ ဂျက်ဖိုက်တာတစ်စီးစီဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲသံတွေလည်းကြားတယ်။ မပေါက်ကွဲတဲ့အလုံး တွေလည်းရှိနေတယ်”ဟု လားရှိုးမြို့ ရပ်ကွက်(၁၂)မှ ဒေသခံတဦးကပြောသည်။

မိတ္ထီလာလေတပ်မှ တက်သွားသည့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခြင်းဟု လေကြောင်းအန္တရာယ်စောင့်ကြည့်နေသူများကပြောသည်။ ယခုသတင်းရေးသားနေချိန် ည ၁၀နာရီ၃၇မိနစ်အထိ မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီး ထပ်တက်သွားကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ကို စက်တင်ဘာလဆန်းမှစ၍ စစ်ကောင်စီက တန်ပြန်ထိုးစစ် စတင်နေပြီး နေရာအနှံ့ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြန်မာအမျိုးသားဒီမိုရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က စက်တင်ဘာ ၃၀ တွင်သတင်းထုတ်ပြန်ထားသည်။ဒေသခံများ ပြန်လည်အခြေချနေထိုင်သည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ​နေစဥ်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေကြောင်း MNDAA က ထုတ်ပြန်ထားသည်။

သြဂုတ်လကုန်မှ စက်တင်ဘာ ၃၀.ရက်အထိ​စစ်​ကောင်စီက အရပ်သားပစ်မှတ်များကိုပါ ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ၃ ဦး​သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။ထိုသို့စစ်​ကောင်စီတပ်က ​နေစဥ်ရက်ဆက် ဗုံးကြဲဖျက်

ဆီးမှုများ​ကြောင့် လားရှိုးမြို့ တွင်ပြန်​နေ​သောပြည်သူများထဲမှ အချို့မှ ပြန်လည်တိမ်း​ရှောင်​နေကြရ​​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။