Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းပြည်သူ့စစ်(PNA)က စစ်သင်တန်း ၅ ရက်ပေးထားသူများဖြင့် အင်အားပြဟု ပအိုဝ်းသတင်းရင်းမြစ်များပြော

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်သင်တန်း ၅ ရက်ပေးထားသူများဖြင့် အင်အားပြခဲ့ကြောင်း ပအိုဝ်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က အင်အားပြထားသည့် ရဲဘော်များ။ ဓာတ်ပုံ - Pa-O

ရဲခေါင်/People’s Spring

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်သင်တန်း ၅ ရက်ပေးထားသူများဖြင့် အင်အားပြခဲ့ကြောင်း ပအိုဝ်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၃၀ ရက်)က တောင်ကြီးမြို့နယ်၊ပေါမူရွာ၌ ပြုလုပ်သည့် အခြေခံစစ်သင် တန်းဆင်းပွဲတွင် အင်အား ၂၀,၀၀၀ပါဝင်ကြောင်း PNA က ဆိုသည်။

“တောင်ကြီး၊ဟိုပုံး၊ရပ်စောက်နဲ့ကလောဘက်က ပအိုဝ်းရွာတွေကနေ အသက် ၁၈ နှစ်နဲ့အထက် တစ်ရွာ ၁၀ ယောက်နှုန်းခေါ်ပြီး သင်တန်းပေးတာ။ပြီးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သင်တန်းတက်ကြရတာ။သင်တန်းမှာ ပစ်ရမယ့် ကျည်ဖိုးပေးရတာ။တစ်ယောက် သုံးသောင်းခွဲ ပေးရတယ်”ဟု ပအိုဝ်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခြေခံပြည်သူ့စစ်သင်တန်းသားများသည် ရှေ့တန်း တိုက်ပွဲသို့သွားရမည်မဟုတ်ဘဲ ကိုယ့်ရပ်ရွာ ကာကွယ်ရန်သာဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့သည်ဟု ယမန်နေ့ သင်တန်းဆင်းပွဲသို့ရောက်ရှိခဲ့သူတစ်ဦးက အသိပေးသည်။

“ကံဆိုးမှ တိုက်ပွဲနဲ့ကြုံရမှာ။တကယ်လို့ တိုက်ပွဲနဲ့ကြုံလာရင် ကိုယ့်ရပ်ရွာကို ကာကွယ်ကြဖို့ ပြောတယ်။တကယ်တမ်းတော့ ပင်လောင်းဘက်က ပအိုဝ်းလူငယ် တွေလည်း အဲဒီလိုစည်းရုံးခံရပြီ ကရင်နီစစ်ဆင်ရေးမှာ သေဆုံးသွားတာတွေရှိတယ်။ပအိုဝ်းလူမျိုးတွေက ရိုးသားတာရယ် သတင်းအချက်အလက်တွေ အမှန်မသိရတာတွေကြောင့် PNO/PNA က ချုပ်ကိုင်နေနိုင်တာလို့ပဲ မြင်တယ်”ဟု ၎င်းက ပြောသည်။

ယခုနှစ် သြဂုတ်တတိယပတ်ကလည်း ပင်လောင်းမြို့နယ် နောင်တရားဒေသတွင်လည်း PNO က အခြေခံစစ်သင်တန်းပေးထားသည့် ပအိုဝ်းပြည်သူများဖြင့် အင်အားပြမှုပြုလုပ်ထားသည်။

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များစွာရှိနေသော်လည်း ပအိုဝ်းပြည်သူ့စစ် PNAသည် စစ်ကောင်စီနှင့် ပေါ်ပေါ်ထင်ထင် လက်တွဲကာ စစ်ကူပေးခြင်း၊၎င်းတို့နယ်မြေ၌ ပူးတွဲစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်။

ထို့အပြင် စက်တင်ဘာ ဒုတိယပတ်ကစ၍ ပင်လောင်းမြို့နယ်ဘက်မှတဆင့် ဖယ်ခုံမြို့ကို စစ်ကောင်စီ နှင့် PNO ပူးပေါင်း၍ ထိုးစစ်ဆင်နေကာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီတပ်ပေါင်းစုဘက်မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

PNO သည် ၂၀၂၂နောက်ပိုင်းကစ၍ စစ်ကောင်စီထံမှ လက်နက်များ ရယူပြီး နောက် ဒေသတွင်း တပ်သားသစ်အဓမ္မ စုဆောင်းခဲ့သည်။ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ်ကစ၍ အပစ်ရပ်ပြီးနောက် ရှမ်းပြည်တောင်ပိုင်း၌ အထူးဒေသအဖွဲ့ (၆)အဖြစ်စစ်တပ်က သတ်မှတ်ပေးခဲ့သည်။

ဟိုပုံး၊ဆီဆိုင် နှင့် ပင်လောင်းမြို့နယ်တို့တွင် PNO က ၎င်း၏ အုပ်ချုပ်ရေးယန္တရားများ ထူထောင် ကာ ဒေသခံများထံမှ လစဥ် အခွန်ကောက်ယူမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် နယ်မြေရှိ စစ်သင်တန်းကျောင်းနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။