Connect with us

Hi, what are you looking for?

သတင်း

ဂမုန်းဆည်တိုက်ပွဲ စစ်ကောင်စီတပ် ၁၂ဦးသေဟု NUG ထုတ်ပြန်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဂမုန်းဆည်တိုက်ပွဲအတွင်း သိမ်းရသော လက်နက်ကြီး၊ လက်နက်ငယ်အချို့နှင့် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD

ဟန်နွေ၊ကျော််ဇော/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာ ၃ရက် နံနက်ပိုင်းတွင် အင်အား ၄၀ခန့်ပါ စစ်ကြောင်းသည် ဂမုန်းဆည် သို့ တက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၄)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှု တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့တပ်သား ၁၂ဦး သေဆုံးကာ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားကြောင်း အသိပေးသည်။

ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံကို ဖော်ပြရာလက်နက်ကြီး ၁လက်၊ လက်နက်ငယ် ၃လက် နှင့် ကျည် များ၊ ဖုန်းနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ ပါဝင်သည်ကို ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

ဂမုန်းဆည်တိုက်ပွဲအတွင်း သိမ်းရသော လက်နက်ကြီး၊ လက်နက်ငယ်အချို့နှင့် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD

“အခုလက်ရှိကတော့ သူတို့(စကစ)အလောင်းတွေတောင် လာမကောက်သေးဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဟိုဆေးခန်းပို့ ဒီဆေးရုံပို့ပေါ့။ ကျန်တဲ့ကောင်တွေကတော့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှဘက်ကအဖွဲ့တွေစုပြီး စစ်ကြောင်းထိုးဖို့ပြင်နေတယ်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်လာနိုင်တဲ့ အလားအလာပေါ့”ဟု တပ်ရင်း(၃၈၀၂) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဂမုန်းဆည်ဆိုင်းဘုတ်အနီးရောက်ရှိလာစဥ် တော်လှန်ရေးတပ်ဖွဲ့များက အပေါ်စီးမှနေ၍ ပစ်ခတ်တိုက်ခိုက်ခွင့်ရခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်များခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စက်တင်ဘာ ၃၀ရက်ကလည်း စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် စစ်ကောင်စီ၏ အင်အား ၈၅ ဦးပါ စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃၃ဦး သေဆုံးကာ ဗိုလ်ကြီး ၂ဦး အပါအဝင် ၄၃ဦး ကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် မျိုးစုံ ၅၆လက် သိမ်းရခဲ့သည်ဟု NUGက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။