Connect with us

Hi, what are you looking for?

သတင်း

တပ်စခန်းစွန့်ပြန်လာသည့် စစ်ကြောင်းတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၃၀သေ၊ လက်နက် ၃၅လက်ရဟု KNU တပ်မဟာ(၅)ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းမှ သိမ်းပိုက်ရရှိသော လက်နက်များ။ ဓာတ်ပုံ - KNU- Mutraw News

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ရက်တွင် ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

” အဲဒါ သူတို့ အယောက် ၃၀လောက်ဆုံးသွားတယ်။ သေနတ်လည်း ၃၅လက်လောက်ရတယ်။ဖာပွန်ခရိုင် လူသောမြို့နယ်ထဲမှာ ဖြစ်တာ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

တပ်စခန်းစွန့်ဆုတ်ခွာပြီးပြန်လာသည့် စစ် ကောင်စီတပ်ကို လယ်ဝါးထာနှင့် စောမူပလောဒေသတွင် KNU/KNLA တပ်မဟာ(၅) လက်အောက်ရှိ ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၂)ဦးအပါအဝင် ၃၀ဦး မရှုမလှသေဆုံးခဲ့ဟု တပ်မဟာ(၅)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲအပြီး စစ်ကောင်စီထံမှ လက်နက် ၃၅လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲကြီး၊ငယ် ၁၄၀ကျော်ဖြစ်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် ၇၀ ဦးကျော် သေဆုံးခဲ့ကြောင်းလည်း တပ်မဟာ(၅)က အသိပေးထားသည်။

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ် သည် စက်တင်ဘာ ၃၀ရက်တွင် ဖာပွန်မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

(ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းမှ သိမ်းပိုက်ရရှိသော လက်နက်များ။ ဓာတ်ပုံ – KNU- Mutraw News)

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားခေါင်း ဆောင်တွေနဲ့ ရဲဘော် တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် တိုက်ပွဲ ဝင်နေမှုတို့ဟာ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် အဓိကကျတဲ့ မဏ္ဍိုင်ကြီးတစ်ခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။

သတင်း

စစ်အုပ်စုဟာနိုင်ငံကို လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ ရာသက်ပန်အုပ် ချုပ်နိုင်ဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ လုပ်ဆောင်အနိုင်ယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး အဲဒီစစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေကို ဖြိုချဖျက်ဆီးကြရမှာ ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Facebook