Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်ခရီးထွက်မည့်လူငယ်များ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်နိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအနေဖြင့် လမ်းခရီး၌ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

နေပြည်တော်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအနေဖြင့် လမ်းခရီး၌ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းရန်အတွက် လူငယ်များအား ဒေသအသီးသီးရှိ လမ်းပိုင်း စစ်ဆေးရေးဂိတ်များ၊ ယာဥ်​စစ်ဆေးရေးအဖွဲ့များ၌ ဖမ်းဆီးနေကြောင်း၊ မကြာခင် သီတင်းကျွတ်ပိတ်ရက်ရောက်လာတော့မည်ဖြစ်၍ အလည်အပတ်ခရီးထွက်မည့်သူများ သတိထားသွားလာရန် တော်လှန်ရေးအင်အားစုများက သတိပေး ပြောကြားသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီတပ်တွေရဲ့ မတရား ပေါ်တာဆွဲမှုတွေကို အထူးဂရုစိုက်ပြီး သွားကြလာကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ နိုင်ငံ့အတွက်လည်း အခုကာလက သေရေးရှင်ရေး အရေးကြီးနေတဲ့အဆုံးအဖြတ်ကာလရောက်နေတော့ စစ်အာဏာရှင်တွေအတွက် ကိုယ့်လုပ်ရပ်တွေဟာ အသုံးချစရာ မဖြစ်ဖို့ ပြောချင်ပါတယ်။”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။

စက်တင်ဘာအတွင်းကပင် မန္တလေးမြို့၊ တံတားဦးမြို့၊ ကျောက်ဆည်၊ စဥ့်ကူး၊ စစ်ကိုင်း၊ မုံရွာ၊ ရေဦးမြို့နယ်များမှ လူငယ်ရာချီ စစ်မှုထမ်းရန်ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရသူများ​တွင် ခရီးထွက်လာရင်း ဖမ်းဆီးခံရသူအများအပြား ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်စီးတာ ဦးထုပ်မပါလို့ဆိုပြီးဖမ်းတာ။ စစ်မှုထမ်းထဲခေါ်သွားတယ်။”ဟု စစ်ကိုင်းမြို့အဝင်၌ ဖမ်းဆီးခံရသူလူငယ်၏ ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။

မန္တလေးမြို့အနီး စစ်မှုထမ်းရန်ဖမ်းဆီးခံရသည့်မြေပြင်အခြေအနေများ ဖော်ပြနေသော Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက “ပြည်သူတွေကိုဂရုစိုက်ကြပါ။ တနေ့တော့ စစ်ပွဲက သေချာပေါက်ကိုယ့် အိမ်ရှေ့ကို ရောက်လာကြလိမ့်မယ်။ စကစရဲ့ လက်ကိုင်တုတ်အနေနဲ့ မဖြစ်မိစေဖို့ ပြည်သူ့ကာကွယ် ရေးတပ်များထံအကူအညီယူကာ ရှောင်တိမ်းကြဖို့ ဒါပါပဲ။”ဟု ပြောသည်။

ယခုနှစ်သီတင်းကျွတ်ပိတ်ရက်သည် အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ ၅ ရက်ရှိမည်ဖြစ်သည်။ စစ်ပွဲများဖြစ်ပွားနေသော်လည်း မြို့ကြီးများမှပြည်သူအချို့က မန္တလေး၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနှင့် ဧရာဝတီတိုင်းရှိ ကမ်းခြေများသို့ ခရီးထွက်ရန် ပြင်ဆင်နေသည်။

စစ်ကောင်စီကလည်း မြို့အဝင်ဂိတ်များ၊ လမ်းပိုင်းစစ်ဆေးရေးဂိတ်များ၌ ခရီးသွားများ၏ ဖုန်းများကိုပါ စစ်ဆေးပြီး ခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မှူထမ်းအပတ်စဥ်(၅)အား စတင်နေပြီး မကြာမီ အပတ်စဥ် (၆) သင်တန်းအတွက် လူစုနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။