Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က တောင်ယာကမ်းရွာခံများ နှင်ထုတ်ပြီး ပစ္စည်းများခိုယူနေဟု ဒေသခံများပြော

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က ရွာမှနှင်ထုတ်ပြီး ပစ္စည်းများအား ယာဥ်ကြီး၊ယာဥ်ငယ်များဖြင့် ခိုးယူသယ်ဆောင်နေကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က ရွာမှနှင်ထုတ်ပြီး ပစ္စည်းများအား ယာဥ်ကြီး၊ယာဥ်ငယ်များဖြင့် ခိုးယူသယ်ဆောင်နေကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

ပုလောအခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၅)တပ်မှ စစ်ကောင်စီတပ်သားများသည် အောက်တိုဘာ ၄ ရက်က အဖွဲ့သုံးဖွဲ့ကာ တောင်ယာကမ်းကျေးရွာသို့ ဝင်ရောက်လာပြီး ကနဦးတွင် ကျေးရွာအတွင်းရှိနေသော သက်ကြီးရွယ်အိုနှင့် ကလေးများပါမကျန် ဒေသခံအများအပြားကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

“ရွာထဲက အိမ်တွေထဲမှာပဲ ဖမ်းထားတာ။ ခုတော့(အောက်တိုဘာလ ၅ ရက်ယနေ့) အားလုံးပြန်လွှတ်ပေးပြီး ရွာပြင်ကိုနှင်ထုတ်ထားတယ်”ဟု ပုလောဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ပြည်သူများ၏နေအိမ်များအား ဖောက်ထွင်း၍ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားနှင့် ဆိုင်ကယ်များခိုးယူရာတွင် ၎င်းတို့၏ဇနီးများကိုပါ ခေါ်ဆောင်လာကာ ပါဝင်ကူညီစေကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

“ဆိုင်ကယ်တွေ ကားနဲ့နှစ်ခေါက်သယ်တယ်။ နောက်က ခဝေးမိန်းမတွေတောင် ပါလာတယ်။ အဝတ်တွေပါယူတယ်။ လက်ထဲကရွှေတွေ၊ ပိုက်ဆံတွေပါ လုတယ်။ ရှိသမျှ အိမ်အားလုံး ရိုက်ဖျက်ယူတယ်”ဟု ပုလောမြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။

အထက်ပါ တောင်ယာကမ်းကျေးရွာသည် အိမ်ခြေ ၁၀၀ခန့်ရှိပြီး စစ်ကောင်စီတပ်သားများ၏ ဖောက်ထွင်းခိုးယူမှုများကြောင့် ဆိုင်ကယ်အစီး ၃၀ ကျော်ပါသွားပြီး ရွှေ၊ ငွေနှင့် အခြားတန်ဖိုးရှိပစ္စည်းမည်မျှပါသွားသည်ကို မသိနိုင်သေးဟု ၎င်းဒေသခံက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများ တောင်ယာကမ်းကျေးရွာအတွင်း ဆက်ရှိနေပြီး ကျေးရွာဒေသခံများအား မမြင်ချင်ဘူးဟုဆိုကာ ခြိမ်းခြောက်ထားသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရသည်။

ပုလောအခြေစိုက် ခလရ(၂၈၅)တပ်မှ စစ်ကောင်စီတပ်သားများသည် တောင်ယာကမ်းကျေးရွာအနီးသို့ လွန်ခဲ့သော တစ်ပတ်ခန့်ကတည်းက ရောက်ရှိနေခြင်းဖြစ်ကာ ၎င်းတို့အချင်းချင်းပြန်လည်ပစ်ခတ်မိ၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။