သုည/People’s Spring
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများက ဦးဆောင်၍ (၁၄၃) ကြိမ်မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို ယနေ့ (အောက်တိုဘာ ၆) ပြုလုပ်ခဲ့သည်။
အဆိုပါလူထုသပိတ်ကို”ရွေးကောက်ပွဲအကြောင်းပြ သန်းခေါင်စာရင်းကောက်နေမှုအား နည်းမျိုးစုံနဲ့ တိုက်ဖျက်ကြ” ခေါင်းစဥ်ဖြင့် Free Burma Action Committee-Northern California က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံရောက် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

Public Service Announcement
ဆန္ဒပြမြန်မာများက “ငါတို့အနာဂတ် ငါတို့ကိုယ်တိုင်ဆုံးဖြတ်မယ်” ၊ “တရားမဝင်အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”၊ “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ”၊ “တသံတည်းညီ တချီထဲရုန်း” ၊ “Ben Jet Fuel Export to Myanmar” ၊ “Wave by Wave” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ၊ “Free Burma” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဓာတ်ပုံ – Free Burma Action Committee























































