Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်တွင်း၊ ပြည်ပ အ​ကြွေးကျပ်ဘီလီယံ နှစ်​​သောင်း​ကျော်ပိုများလား

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၊ပြည်ပ အကြွေး ကျပ်ဘီလီယံပေါင်း နှစ်​သောင်း​ကျော်အထိ တိုးလာသည်။

စစ်​ကောင်စီက နိုင်ငံ့ဘဏ္ဍာ​ရေးအရင်းအမြစ်အများစုကို စစ်စရိတ်တွင်အများဆုံးအသုံးပြု​နေပြီး တိုင်ပြည်မှာ အ​ကြွေးပိုထူလာကာ၊ ​ငွေစက္ကူရိုက်ထုတ်​​သောနည်းဖြင့်​ဖြေရှင်း​နေ၍ ​ငွေ​​​ကြေး​ဖောင်းပွမှုပြသာနာမှာပိုဆိုးလာသည်။ ဓါတ်ပုံ-စစ်​ကောင်စီ

ရဲခေါင်/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ အကြွေး ကျပ်ဘီလီယံပေါင်း နှစ်​သောင်း​ကျော်အထိ တိုးလာသည်။

စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းအချက်အလက် တွင် အထက်ပါ အချက်အလက်ကိုထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခင်အစိုးရလက်ထက်က ပြည်ပကြွေးမြီစာရင်းကို ဒေါ်လာကိန်းဂဏန်း ဖြင့် စာရင်းပြသော်လည်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကျပ်ငွေဖြင့်သာ ဖော်ပြထားသည်။

“ကျပ်ငွေနဲ့ပဲ ပြမှာပေါ့ ။ကျပ်ငွေကသူတို့စိတ်ကျ ရိုက်ထုတ်နေတာလေ။အကြွေး ကျပ်ဘီလီယံ ၂၃,၀၀၀ ဆိုရင် NLD လက် ထက် က ဒေါ်လာစျေးနဲ့ တွက်ရင် စကစ အကြွေးယူတာ ဒေါ်လာ ၁၅ ဘီလီယံ နဲ့ ၁၆ ဘီလီယံ ကြား ရှိတယ်ပြောလို့ရတယ်။ပြည်ပအကြွေးတိုးတာရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်မလဲဆိုတော့ ငွေ ကြေးဖောင်းပွမှုနှုန်းတိုးလာလိမ့်မယ်။အခြေခံကတော့ လူထု ကြပ်တည်းမှု ပိုဆိုးလာမှာပေါ့”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက လူထုနွေဦးသို့ပြောသည်။

အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက် (၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်) က ပြည်တွင်း ပြည်ပ ကြွေးမြီ မှာ ကျပ်ဘီလီယံ ၄၇,၆၃၇ ရှိခဲ့ပြီး အာဏာသိမ်းပြီး လေးနှစ်ခန့်အကြာတွင် ပြည်တွင်းပြည်ပကြွေးမြီ ကျပ်ဘီလီယံ ၇၀,၄၃၄ ထိရှိသည်။

ထို့အတူ ပြည်တွင်း၊ပြည်ပကြွေးမြီစာရင်းကို ကိန်း ဂဏန်းများဖြင့် သာ ဖော်ပြထားပြီး မည့်သည့် နိုင်ငံဆီက ချေးယူခဲ့သည် ကို စစ်ကောင်စီက ​ဖော်ပြမထား​ပေ။

အရပ်သားအစိုးရလက်ထက်တွင် ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်နှင့်ရင်ဆိုင်ရချိန်၌ ပင် ပြည်တွင်းလုပ်ငန်းများကို ​ငွေ​ချေး​ပေးခဲ့​သော်လည်း ပြည်တွင်း၊ပြည်ပ​ကြွေးမြီများစွာမတိုးခဲ့​ပေ ။သို့​သော် စစ်​ကောင်စီလက်ထက်တွင် ​အသုံးစာရိတ်အများစုမှာ စစ်စရိတ်များဖြစ်ပြီး စစ်တိုက်ရန် နိုင်ငံ​တော်က ကျခံ​နေရခြင်းဖြစ်သည်။ထိုအပြင်စစ်​ကောင်စီလက်ထက်တွင် ပြည်တွင်း​ကြွေးမြီပိုများလာပြီး ပြည်ပ​ကြွေးမြီ သိပ်မတိုးလာခြင်းမှာ ပြည်ပကစစ်အုပ်စုကို ​ငွေသိပ်မ​ချေး၍ဖြစ်နိုင်​​ကြောင်း နိုင်ငံ​ရေး​ဘောဂ​​​ဗေဒ​လေ့လာ​နေသူတစ်ဦးက​ပြောသည်။

ထို့အပြင် အောက်တိုဘာ ၄ ရက်က စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းအချက်အလက် များ၌ နိုင်ငံ၏ ပညာရေး၊ကျန်းမာရေး နှင့်ကယ်ဆယ်ရေး ကဏ္ဍ အသုံးစရိတ်များကို စစ်ကောင်စီက လျှော့ချလိုက်သည်။

စာရင်းဖော်ပြမှုများအရစစ်တပ် အာဏာသိမ်းပြီးနောက်ကစ၍ နိုင်ငံ၏ ပညာ ရေး၊ကျန်းမာရေး နှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနတို့၏ အသုံးစရိတ်များမှာ နှစ်စဥ်လျော့ကျလာသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။