Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီး၌ အရေးပေါ်ကုသမှုခံယူနေရ

စစ်​ကောင်စီက ဆေးရုံလာ၍ လွတ်ငြိမ်းခွင့်ဖတ်

အီယိုရီ/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး၌ အရေးပေါ်ကုသမှုခံယူနေရပြီး သတိပြန်လည်မလာသေးကြောင်း ပါတီသတင်းရင်းမြစ်အချို့က ပြောသည်။

သွေးကင်ဆာရောဂါဝေဒနာခံစားနေရသူ အသက် ၇၃နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ဆေးကုသခွင့် ကောင်းမွန်စွာ မပေးဘဲ မိသားစုနှင့်တွေ့ဆုံခွင့်ကိုလည်း တားမြစ်ကန့်သတ်ထားသည်။

“အရေးပေါ်မှာပဲလို့ သိရတယ်။ အခြေအနေကတော့ နောက်ဆုံးအချိန်ရောက်နေပြီလို့ ပြောရမယ်” ဟု NLD သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ​ဆေးကုသခွင့်​ကောင်းစွာမ​ပေးခဲ့ဘဲ ယ​နေ့ ​နေ့ခင်းပိုင်းတွင်မူ ​ဆေးရုံသို့လာ၍လွတ်ငြိမ်းခွင့်လာဖတ်သွား​ကြောင်းလည်း သတင်းရင်းမြစ် အချို့က​ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ပြီး မတရားသဖြင့် အမှု ၁၀ မှုစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂၉နှစ်အထိ ချမှတ်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးတွင် မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနမှ အလုပ်ထွက်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့၌ အနိုင်ရခဲ့ကာ လေးထပ်ကွမ်းအမတ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဒေါက်တာဇော်မြင့်မောင်ကို ထိုစဥ်က စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် နှစ်ပေါင်း ၂၀ ခန့် အကျဥ်းထောင်များအတွင်း ဖြတ်သန်းခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီက​နေ့ပြန်လည်လွတ်​မြောက်လာခဲ့ပြီး သူ့အ​နေနဲ့ မှတ်တမ်းရုပ်ရှင်​တွေ ဆက်လက်ဖန်တီးသွားမယ်လို့ သတင်း​ထောက်​တွေကို​ပြောပါတယ်။