Connect with us

Hi, what are you looking for?

သတင်း

NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကွ​ယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဒီနေ့အောက်တိုဘာလ ၇ ရက် မနက်အစောပိုင်းမန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ ရှေ့နေတစ်ဦီးကအ တည်ပြုပါတယ်။

ဆိုင်းမင်း/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဒီနေ့အောက်တိုဘာလ ၇ ရက် မနက်အစောပိုင်းမန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ ရှေ့နေတစ်ဦီးကအ တည်ပြုပါတယ်။

သွေးကင်ဆာဝေဒနာသည် အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးအခြေအနေဆိုးရွားလာချိန်မှ အထူးကြပ်မတ်ကုသဆောင်မှာကုသရာ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစကာ သတိမေ့ပြီး မေ့မြောသွားတာပါ။

Public Service Announcement

Public Service Announcement

ဒီမနက် ၂ နာရီ ၅၀ မိနစ်အချိန်မှာ ဆုံးပါးသွားတာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကို နောက်ဆုံးအခြေအနေ ရောက်မှ မနေ့ အောက်တိုဘာလ ၆ ရက်နေ့ခင်းပိုင်းမှာ လွတ်ငြိမ်းပေးခဲ့ပါတယ်။

NLD ပါတီရဲ့ ခေါင်းဆောင်ပိုင်း ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးသွားတာကို NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သူ့ရဲ့ ဖေဘွတ်ခ်ကနေ အသိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့နေ့မှာ ပဲ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက အမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀အထွေထွေရွေးကောက်ပွဲ ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတို့မှာ လူထုရဲ့ ရွေးကောက်တင်မြှောက်တာကိုခံရတဲ့ လေးထပ်ကွမ်း အမတ်လည်းဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကာက်ပွဲအပြီး NLD အရပ်သား အစိုးရ လက်ထက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဦးစိန်လင်းသည် မန္တလေးအိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်(၂၇)နှစ်အထိ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

သတင်း

မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ကုသမှုခံယူရင်း မနေ့က နိုဝင်ဘာလ ၈ရက် ည၁၀နာရီမှာ သေဆုံးသွားတာလို့ သိပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

ဆောင်းပါး

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။