Connect with us

Hi, what are you looking for?

သတင်း

NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကွ​ယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဒီနေ့အောက်တိုဘာလ ၇ ရက် မနက်အစောပိုင်းမန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ ရှေ့နေတစ်ဦီးကအ တည်ပြုပါတယ်။

ဆိုင်းမင်း/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဒီနေ့အောက်တိုဘာလ ၇ ရက် မနက်အစောပိုင်းမန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ ရှေ့နေတစ်ဦီးကအ တည်ပြုပါတယ်။

သွေးကင်ဆာဝေဒနာသည် အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးအခြေအနေဆိုးရွားလာချိန်မှ အထူးကြပ်မတ်ကုသဆောင်မှာကုသရာ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစကာ သတိမေ့ပြီး မေ့မြောသွားတာပါ။

Public Service Announcement

Public Service Announcement

ဒီမနက် ၂ နာရီ ၅၀ မိနစ်အချိန်မှာ ဆုံးပါးသွားတာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကို နောက်ဆုံးအခြေအနေ ရောက်မှ မနေ့ အောက်တိုဘာလ ၆ ရက်နေ့ခင်းပိုင်းမှာ လွတ်ငြိမ်းပေးခဲ့ပါတယ်။

NLD ပါတီရဲ့ ခေါင်းဆောင်ပိုင်း ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးသွားတာကို NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သူ့ရဲ့ ဖေဘွတ်ခ်ကနေ အသိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့နေ့မှာ ပဲ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက အမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀အထွေထွေရွေးကောက်ပွဲ ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတို့မှာ လူထုရဲ့ ရွေးကောက်တင်မြှောက်တာကိုခံရတဲ့ လေးထပ်ကွမ်း အမတ်လည်းဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကာက်ပွဲအပြီး NLD အရပ်သား အစိုးရ လက်ထက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။