Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်၊ ရှမ်း​တောင်အပါအဝင်​ ရေ​ဘေးသင့်​ဒေသများသို့ ကုလ​အေဂျင်စီများ သွား​ရောက်ကူရန်​တောင်းဆိုမှု စစ်​ကောင်စီတားမြစ်

ကရင်နီပြည် ၊ ရှမ်းပြည်နယ်​တောင်ပိုင်းအပါအဝင် ရေ​ဘေးသင့် ​ဒေသများသို့လွတ်လပ်စွာသွား​ရောက်ကူညီခွင့်ကို ကုလသမဂ္ဂအေဂျင်စီများ​တောင်းဆိုရာ စစ်ကောင်စီကခွင့်မပြု​ကြောင်းစုံစမ်း သိရသည်။

ကရင်နီပြည်တွင် စက်တင်ဘာ လဒုတိယပါတ်က​ရေကြီးနစ်မြုပ်​နေ​သော ​ဒေသတစ်ခု။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

ကရင်နီပြည် ၊ ရှမ်းပြည်နယ်​တောင်ပိုင်းအပါအဝင် ရေ​ဘေးသင့် ​ဒေသများသို့လွတ်လပ်စွာသွား​ရောက်ကူညီခွင့်ကို ကုလသမဂ္ဂအေဂျင်စီများ​တောင်းဆိုရာ စစ်ကောင်စီကခွင့်မပြု​ကြောင်းစုံစမ်း သိရသည်။

စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာနိုင်ငံရှိ ကုလအေဂျင်စီတို့ အောက်တိုဘာ ၈ ရက်က ​နေပြည်​တော်တွင်တွေဆုံဆွေးနွေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ရေဘေးနဲ့ပတ်သက်ပြီး ကုလ အေဂျင်စီတွေက ကွင်းဆင်းချင်တာ။ ကယား (ကရင်နီ)ဘက် နဲ့ ရှမ်းတောင်ဘက် ကို သွားဖို့ ။ စကစ က နယ်မြေလုံခြုံရေးအရ ပေးမဆင်းဘူး။အဲဒီကိစ္စတွေရော တခြား ကိစ္စတချို့ပါ ပါတယ်။လောလောဆယ်တော့ အဲဒီလောက်ပဲသိရသေးတယ်”ဟု မြန်မာနိုင်ငံရှိ ကုလအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်​ကောင်စီသည် ​တော်လှန်​ရေးတပ်ဖွဲ့များထိန်းချုပ်ထား​သော ​ဒေသများရှိပြည်သူများကို ​ရေ​ဘေးကယ်ဆယ်​ရေးအကူအညီမ​ပေးသည့်အပြင် ပုဂ္ဂလိက အလှူရှင်များကကူညီမည်ကိုပင် တင်းတင်းကြပ်ကြပ်တားဆီးပိတ်ပင်​နေသည်။ထို​ကြောင့် ကရင်နီတပ်​ပေါင်းစုထိန်းချုပ်ထား​သော ကရင်နီပြည်၊ ရှမ်းပြည်နယ်​တောင်ပိုင်း​ဒေသအချို့ ၊KNU နှင့် PDF စိုးမိုးထား​သောပဲခူးတိုင်းရှိ​ဒေသအများစု ၊ KNU ထိန်းချုပ်ထား​သောကရင်ပြည်နယ်ရှိ ​ဒေသများမှ ​ရေ​ဘေး၊စစ်​ဘေးသင့်ပြည်သူများမှာ စစ်​ကောင်စီက အကူအညီမ​ပေးသလို ၊အကူအညီများကိုလည်းတားဆးပိတ်ပင်​နေသည်။ယခု ကုလ​အေဂျင်စီများက သွား​ရောက်ကူညီရန် ​ဆွေး​နွေးမှုကိုလည်းထပ်မံတားဆီးခြင်းဖြစ်သည်။

“ပုံမှန်အားဖြင့် စစ်ကောင်စီက အရင်ကတည်က လူမှုအဖွဲ့အစည်းတွေဖြစ်ဖြစ် UN လို အေဂျင်စီတွေကိုတောင်မှပိတ်ပင်တာရှိခဲ့တာပဲ။ အခု အခြေအနေ အရ စစ်ရေးပိုင်းမှာ ကရင်နီတပ်ပေါင်းစုက နယ်မြေအများစု ထိန်း ချုပ်ထားတာရှိတော့ စစ်ကောင်စီက နယ်မြေ ဖြတ်တောက်ပြီး ရိက္ခာပိတ်ဆို့တာတွေရှိခဲ့တယ်။ နောက်ပြီး အရင်တုန်းကထက် ကြပ်မတ်တာတွေ ပိုလုပ်တာရှိတယ်။ ရေဘေးမှာလည်း ဒီအတိုင်းပါပဲ။စစ်ကောင်စီက ပိတ်ဆို့မှုတွေဆက်လုပ်နေဦးမှာပါပဲ”ဟုကရင်နီရေဘေးတွင် မြေပြင်၌ ကူညီ​ပေးနေသည့်ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဦးဗညားခွန်အောင်က စက်တင်ဘာ ၁၉ ရက်တွင် လူထု​နွေဦးသို့​ပြောကြားထားသည်။

စစ်​ကောင်စီသည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ​မေလက မိုခါမုန်တိုင်းတိုက်ခတ်သွား၍ ပြည်သူများ​သေဆုံးပြီး ၊​နေအိမ်အ​ဆောက်အအုံများစွာပျက်စီးခဲ့စဥ်ကလည်း ကုလ​အေဂျင်စီများကို AAစိုးမိုး​သော​ဒေသများမှ ပြည်သူများသို့ ကူညီခွင့်မ​ပြုခဲ့​ပေ။

​ရေး​ဘေးသင့်ပြည်သူအများစုထံအကူအညီ​​ပေးခွင့်ကိုတားဆီးခဲ့​သောစစ်​ကောင်စီကသဘာဝဘေးကြောင့်ဖြစ်ပေါ်လာသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီပေးရာတွင် အဓိကသက် ဆိုင်သည့် ဝန်ကြီးဌာနများနှင့်သာ ချိတ်ဆက်ရန် နှင့် အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံရှိကုလအေဂျင်စီများအနေဖြင့် စစ်ကောင်စီ၏ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံ၏ အခြေအနေအမှန်ကို ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာသို့ အသိပေးရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။​​ရွေး​ကောက်ပွဲတွင်မဲစာရင်းမှန်​​စေရန်အတွက် သန်း​ခေါင်းစာရင်း​ကောက်ယူ​နေသည်ဟုလည်းကုလ​အေဂျင်စီများကို​ပြောခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီ ​​နောက်ဆက်တွဲ မိုးကြီးမှုကြောင့် မြန် မာနိုင်ငံဒေသအများအပြားတွင် ဒေသခံပြည်သူသိန်းချီ ရေဘေးဒဏ် ကြုံတွေ့ ခံစားနေရပြီး သေဆုံးနှင့်ပျောက်ဆုံး လူဦးရေ ၁၀၀၀ ကျော်ထိ ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

UNOCHA က ​ရေ​ဘေး​ကို မြို့နယ် ၇၀ မှပြည်သူတစ်သန်းဝန်းကျင်ခံစားရပြီး ​သေဆုံးသူ ၃၆၀ ​ကျော် ၊​​ပျောက်ဆုံး​နေသူ ၁၀၀ ​ကျော်ရှိ​ကြောင်းစက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်သည် ရေဘေးဒဏ်သင့် ပြည်သူ များထံသို့ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်း ကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။