Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသိမ်းယူခဲ့သည့် လက်နက်ခဲယမ်းများမှာ စစ်ကိုင်းတိုင်းမြို့သိမ်းတိုက်ပွဲများအတွင်း အများဆုံးဖြစ်

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူနိုင်ခဲ့သည့် လက်နက်ခဲယမ်းများမှာ စစ်ကိုင်းတိုင်း မြို့သိမ်းတိုက်ပွဲများအတွင်း အများဆုံးဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်းများမှသိမ်းရသော လက်နက်များ။ ဓာတ်ပုံ - CJ

လူအေး/People’s Spring

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူနိုင်ခဲ့သည့် လက်နက်ခဲယမ်းများမှာ စစ်ကိုင်းတိုင်း မြို့သိမ်းတိုက်ပွဲများအတွင်း အများဆုံးဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပင်လည်ဘူးတိုက်ပွဲက လက်နက်တွေအများဆုံးရတာ။ ကောလင်းတုန်းကလည်း ဒီလောက်မရခဲ့ဘူး။ ဒီပဲယင်းလည်း အဲဒီလိုမရခဲ့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လည်ဘူးမြို့ကို သြဂုတ် ၁၅ရက်က ပဥ္စမအကြိမ်စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲများဆင်နွှဲပြီးနောက် တစ်မြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဟု အသိပေးထားသည်။

ပင်လည်ဘူးမြို့မှ စစ်ကောင်စီစခန်းများကို ဩဂုတ် ၁၅ရက်မှစ၍ ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီးအောက်တိုဘာ ၇ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ်(၁)စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက အလုံးစုံထိန်းချုပ်လိုက်ပြီဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများထံမှ လက်နက် ၄၀၀ကျော် သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိထားကြောင်းလည်း ထုတ်ပြန်ထားသည်။ လူထုနွေဦး၏ သတင်းရင်းမြစ်က စစ်သုံ့ပန်းအဖြစ် ၃၀၀ ခန့် ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

သိမ်းဆည်းရမိသည့်လက်နက်များတွင် လေယာဉ်ပစ်လက်နက်တစ်လက်ပါဝင်ခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ ထို့အပြင် သိမ်းဆည်းရမိပစ္စည်းများတွင် ရန်သူနေ၏နောက်ဆုံးအခြေပြုရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေအမြောက်အမြား(ခန့်မှန်းခွက်ရေ ၈၀ခန့်) သိမ်းဆည်းရရှိသည်ဟုလည်း အသိပေးထားသည်။

“မြို့တွင်းရှိတဲ့ လက်နက်ကြီးပိုင်းအားလုံးရတယ်။ လာသမျှ စစ်ကြောင်းလည်း ဖြတ်တောက်နိုင်ခဲ့တယ်။ ထွက်ပြေးတဲ့ စစ်ကြောင်း ထွက်ပြေးလက်နက်ချသူက ချနဲ့ တကယ့်ကို ပြောင်မြောက်တဲ့စစ်ဆင်ရေးပဲ”ဟု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ရွှေပြည်အေး၊ ခမ်းပါတ်၊ မြို့သစ်၊‌မော်လူး၊ ဒီပဲယင်း၊ ထီးချိုင့်နှင့် ပင်လည်ဘူးမြို့တို့ကို မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့သည်။

ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်သွားခဲ့သည်။ ဒီပဲယင်းမြို့ကိုလည်း ပြီးခဲ့သည့် သြဂုတ် ၁၈ရက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်သွားပြီး ယနေ့အထိ စစ်ရေးတင်းမာနေသည်။

အင်းတော်နှင့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲလည်း အပြီးမသတ်သေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ လက်ရှိတွင် ပင်လည်ဘူးမြို့ ရွှေပြည်အေးမြို့၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် စစ်ဆင်ရေးကာလ ၅၃ရက်အတွင်း လေယာဥ်အမျိုးအစားအမျိုးမျိုးဖြင့် အကြိမ်ရေ ၁၃၀ ကျော်၊ ဗုံးအရွယ်အစားအမျိုးမျိုး ပေါင် ၅၀၀၊၃၀၀၊၂၀၀ တို့ဖြင့် အလုံးရေ ၃၀၀၀ ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။

ထို့အပြင် ယခုလက်ရှိလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲဟု အသိပေးထားသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။