Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့နယ် KIA တပ်ရင်း(၂)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

သိန္နီမြို့နယ် မန်ချက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူ ၅ဦး ဒဏ်ရာရ

သန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာနေအိမ်များအား စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြိန်းလုံကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းတွင် လေကြောင်း တိုက်ခိုက်ခဲ့ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၁၀ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် ပြိန်းလုံကျေးရွာအနီး လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဒေသသည် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၁၀) လက်အောက်ခံ တပ်ရင်း(၂)နယ်မြေ ဖြစ်ပြီး အနီးတွင်တအာင်းတပ်မတော် (TNLA) တပ်များလည်း ရှိသည်ဟု ဆိုသည်။

“ထိခိုက်သေဆုံးမှု တခြားတော့မရှိဘူးလို့ ကနဦးသိရှိထားပါတယ်။ ဒါက စစ်ကောင်စီက လေကြောင်း ဗုံးကြဲချခဲ့တဲ့ KIA တပ်မဟာ(၁၀) တပ်ရင်း(၂) ပြိန်းလုံကျေးရွာအနီးက ရေပူစမ်းမှာ။ သူက ကွင်းပြင်မှာကျတာ”ဟု ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇောဆန်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် သိန္နီမြို့နယ် မန်ချက်ကျေးရွာကိုလည်း ယနေ့နံနက်အစောတွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်တွင် ရေးသားအသိပေးသည်။

အဆိုပါ မန်ချက်ရွာသည် KIA တပ်မဟာ(၁၀) တပ်ရင်း(၁၇)နယ်မြေဖြစ်သည်ဟု ဦးဇော်ဆန်က ပြောသည်။

“စစ်ရေးရော နိုင်ငံရေးရော အဘက်ဘက်ကရှုံးနိမ့်နေတဲ့ စစ်ကောင်စီကတော့ မြန်မာပြည်ဒေသ အသီးသီးကို သူက မြေပြင် ကုန်းကြောင်းကနေ ခြေလျင်တပ်ရင်းကနေ ထိုးစစ်ဆင်ဖို့

အင်အားချိနဲ့သွားပြီဖြစ်တဲ့အတွက်ကြောင့် လေကြောင်းကနေ ရမ်းသန်းပြီး လိုက်လံတိုက်ခိုက်နေတယ်လို့ အဲဒီလို ရှုမြင်ပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။

သိန္နီမြို့နယ်ကို ကိုးကန့်တပ်မတော်(MNDAA)က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကွတ်ခိုင်မြို့နယ်ကို TNLAက တိုက်ခိုက်သိမ်းပိုက်ထားသည်။ အဆိုပါ မြို့နယ်များတွင် KIA တပ်မဟာများ၏ နယ်မြေများ ယခင်ကတည်းက ရှိနေပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကဲ့သို့သော ဒေသအချို့ကို KIAက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။