Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၄ဦး ဒဏ်ရာရ

ကျောက်ကြီးတွင်လည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်အပါဝင် ပြည်သူများထိခိုက်မှုရှိ

စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

မိုးမိုး/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၈ရက်က မုန်းမြို့နယ် ရေအိုးစဉ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်KNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးထားပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့် ထိခိုက်ကျဆုံး အခြေအနေများ ဖော်ပြမထားပေ။

ဓာတ်ပုံ – KNU

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၇ရက်ကလည်း မုန်းမြို့နယ် မအူပင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီး ယင်းနေ့ ညပိုင်း၌ ခမရ(၄၃၉)တပ်ရင်းက ငနုဆန်းရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အသက် (၁၃)နှစ်အရွယ် ကလေးငယ် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၈ရက်တွင် ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိ၍ ကျောင်းစိုးရွာ အနီး နွားကျောင်းနေသည့် အမျိုးသားတစ်ဦး ဘယ်ဘက်ခြေထောက် ဖြတ်တောက်လိုက်ရသည်ဟု KNUက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အင်းပုရိရွာခံ အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

KNU အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီ တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook