Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်၍ ပြည်သူအချို့ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပြည်သူအချို့ထပ်မံ ထိခိုက်ခဲ့ရကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Yedashe Township Information

ဟန်နွေ/People’s Spring

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပြည်သူအချို့ထပ်မံ ထိခိုက်ခဲ့ရကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီက ရွှေသောင်ရွာဟောင်း၊ သစ်နံ့သာ၊ ‌ရွာသာယာရွာတို့အား ဒရုန်းဖြင့် ဗုံးကြဲချခဲ့ကြောင်း Yedashe Township Information ကလည်း အောက်တိုဘာ ၁၀ရက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ PDFတပ်ရင်း(၃၅၀၁) တပ်ခွဲ(၄)သတင်းပြန်ကြားရေးတာဝန်ခံ ကိုအီဗယ်က “ဟုတ်ပါတယ်ခင်ဗျာ။ ထိခိုက်မှုတွေရှိခဲ့ပါတယ်”အတည်ပြုပြောသည်။

စစ်ကောင်စီသည် စစ်တောင်းမြစ်အနောက်ကမ်း ကျွန်းတောကုန်းနှင့် နှောပင်ကျေးရွာသို့

ဒရုန်းတင်ဆောင်လာသော ကားဖြင့်၀င်ရောက် လာပြီး မိချောင်းအိုင်အုပ်စု၊ ရွှေသောင်ရွာဟောင်းသို့ ဒရုန်းဖြင့် ဗုံးကြဲချခဲ့ရာ ရွှေသောင်ရွာဟောင်းရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း Yedashe Township Information ကဖော်ပြသည်။

ထို့ပြင် သစ်နံ့သာစည်ပင်ကျောင်းအနီးသို့ ဗုံးသီး ထပ်မံ ကြဲချခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း၊ ရွာသာယာရွာ ရေစင်အနီးသို့လည်း ဗုံးသီးကြဲချခဲ့ရာ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့သို့ စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခြင်းများ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူများအနေဖြင့် ပေါက်ကွဲသံများ၊ ကောင်းကင်မှ ပန်ကာဒလတ်သံများ ကြားသည်နှင့် မိမိတို့၏ နေအိမ်နှင့် လုံခြုံမည်ဟု စိတ်ချရသော နေရာများတွင်သာ နေထိုင်ကြရန် Yedashe Township Informationက သတိပေးထားပြီး လမ်းပေါ်များတွင် ကလေးသူငယ်များအား လွတ်ထားခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံပန်ကြားထားသည်။

စက်တင်ဘာအတွင်းကလည်း စစ်ကောင်စီတပ် စစ်ကြောင်းကို ရေတာရှည်အခြေစိုက် PDF တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်မှုရှိခဲ့သည်။

စက်တင်ဘာ ၈ရက်က ရေတာရှည်မြို့နယ် ကဲလင်းဆိပ်ရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။