Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် ကန်နားနယ်မြေရဲစခန်းတိုက်ခိုက်ခံရ၍ လေကြောင်းပစ်ကူရာ စခန်းအတွင်းဗုံးချမိ၍ ရဲစခန်းပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကန်နားနယ်မြေရဲစခန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီက လေကြောင်းပစ်ကူရာ စခန်းအတွင်းဗုံးချမိ၍ အဆိုပါရဲစခန်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ကန်နားရဲစခန်းအား PDF များ တိုက်ခိုက်နေစဥ်။

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကန်နားနယ်မြေရဲစခန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီက လေကြောင်းပစ်ကူရာ စခန်းအတွင်းဗုံးချမိ၍ အဆိုပါရဲစခန်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၁ ရက်) နံနက် ၁၀နာရီခန့်က ကန်နားနယ်မြေရဲစခန်းအား မြင်းခြံခရိုင်တပ်ရင်း (၄)နှင့် တပ်ရင်း (၁၀)တို့က လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDFတာဝန်ရှိသူက ပြောသည်။

အဆိုပါစခန်းအတွင်း စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၃၀ခန့်ရှိပြီး နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်း ပစ်ကူများရောက်ရှိလာ၍ ​ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်ကတော့ မသိရသေးပါဘူး။”ဟု နွားထိုးကြီး PDFတာဝန်ရှိသူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှု ဗုံးသီးမှာ ရဲစခန်းအတွင်းကျရောက်ပြီး ရဲစခန်းနှင့် ရဲစခန်းမြောက်ဘက် နေအိမ် နှစ်လုံးပျက်စီးခဲ့သည်ဟု နွားထိုးကြီးမြေပြင်သတင်းများဖော်ပြနေသော ရွှေညာမြေက ရေးသားထားသည်။

“သူတို့စခန်းထဲပြန်ကြဲသွားတာ။ စခန်းထဲကအိမ်တော့မီးလောင်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်၍ ပြည်သူများ ပြင်စီ-တံတားဦး လမ်းပိုင်းအား အသုံးပြုခြင်း မပြုရန် နွားထိုးကြီး PDFက သတိပေးသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြား တိုက်ခိုက်ခံရပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပါ ပြိုလဲခဲ့သည်။ စစ်အုပ်စုကလည်း ကျေးရွာအများအပြားအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။