Connect with us

Hi, what are you looking for?

သတင်း

ထူးချောင်းတပ်စခန်းကုန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ဖားဆောင်းနှင့် ဘောလခဲမြို့နယ်ကြားရှိ စစ်ကောင်စီ​၏ ထူးချောင်း(ပွန်းချောင်း)တပ်စခန်းကုန်းကို ကရင်နီတပ်ပေါင်းစုက ယမန်နေ့ နံနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖားဆောင်းနှင့် ဘောလခဲမြို့နယ်ကြားရှိ စစ်ကောင်စီ​၏ ထူးချောင်း(ပွန်းချောင်း)တပ်စခန်းကုန်းကို ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဖားဆောင်း PDF

ရဲခေါင်/People’s Spring

ဖားဆောင်းနှင့် ဘောလခဲမြို့နယ်ကြားရှိ စစ်ကောင်စီ​၏ ထူးချောင်း(ပွန်းချောင်း)တပ်စခန်းကုန်းကို ကရင်နီတပ်ပေါင်းစုက ယမန်နေ့ နံနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စခန်းကုန်းသည် ဘောလခဲမြို့နှင့် ဖားဆောင်းမြို့နယ်ကြား စစ်ရေးအတွက်အရေးပါသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး ဖားဆောင်းမြို့ကို မြေပြင်စစ်ကူပေးနိုင်သော လမ်းကြောင်းအား ပိတ်ဆို့နိုင်ခြင်းဟု ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘောလခဲအခြေ ချစစ်ဗျူဟာတွေကနေ ဖားဆောင်းကို စစ်ကူပေးဖို့က ထူးချောင်းမှာ တစ်ထောက်နားရတယ်။အဲဒီကနေ ဖားဆောင်းကို ဝင်တာပေါ့။အဲဒါကြောင့် ဒီ(ထူးချောင်း)စခန်းကုန်းက အရေးကြီးတယ်”ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီတပ်သား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ထူးချောင်းစခန်းကုန်းကို နယ်မြေရှင်းလင်းရာတွင် လက်နက်အချို့နှင့် ခဲယမ်းများရရှိထားသည်။

“ထူးချောင်းစခန်းကုန်းကို ဝိုင်းထားတာတော့ ကြာပြီ။တနေ့က(အောက်တိုဘာ ၁၂ရက်)ညပိုင်းလောက် သူတို့ထွက်ပြေးသွားလို့ မနေ့က မနက် အစောပိုင်း ကျွန် တော်တို့ရှင်းလင်းရေးဝင်တာ”ဟု မြေပြင်ရဲဘော်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ဘောလခဲ​မြို့နယ်အတွက် အရေးပါသည့် စစ်ကောင်စီစခန်းကုန်း သုံးခုကို ကရင်နီတပ်ပေါင်းစုက ယခုနှစ် နှစ်ဝက်ကစ၍ သိမ်းပိုက်နိုင်ခဲ့ပြီး မယ်စလောင်းတောင် စခန်း၊ရေကျော်စခန်း နှင့် ထူးချောင်းစခန်းတို့ပါဝင်သည်။

ကျန်ရှိနေသော (၁၂)မိုင် စခန်းကုန်းနှင့် ဝမ်မလန်း စခန်းကုန်းတို့ မကျရေးအတွက် စစ်ကောင်စီက လေကြောင်း ပစ်ကူရယူ၍ ခုခံနေဆဲ ဖြစ်သည်။

ဘောလခဲမြို့အခြေချစစ်ဗျူဟာတွင် ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။

လက်ရှိတွင် ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ (၁၃၄) နှင့် (၁၃၅) အခြေစိုက်တပ်နှစ်ခုကို တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီကနေ့(ဧပြီလ၂ ရက်)ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်၊မင်းဘူးမြို့နယ်၊မုန်တောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မြို့သိမ်းတိုက်ပွဲကိုအမှတ်(၁)စစ်​ဒေသကကွပ်ကဲခဲ့ခြင်းဖြစ်ပြီးစစ်​ဒေသတည်​ထောင်ခြင်း(၄)နှစ်​ပြည့်​​နေ့တွင်သိမ်းပိုက်နိုင်ခြင်းဖြစ်