Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် အထိနာနေသည့် စစ်တပ်က ကျေးရွာများ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူတစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦး ဒဏ်ရာရကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ် လက်နက်ကြီး​ပစ်ခတ်မှုကြောင့် အောက်တောင်ကိုင်ကျေးရွာမှ နေအိမ်မီးလောင်ကျွမ်းခဲ့စဥ်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦး ဒဏ်ရာရကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၄ရက်) ညနေ ၃ နာရီခွဲခန့်က မတ္တရာမြို့ပေါ်ရှိဝစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃လုံးပစ်ခတ်ရာ အောက်တောင်ကိုင်းကျေးရွာသို့ ကျရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်များမှာ ရွာတွင်း တစ်လုံး၊ ရွာအပြင် နှစ်လုံးကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိမှန်ထိခိုက်ဒဏ်ရာရကာ ​နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မတ္တရာနယ်အခြေစိုက် စစ်ရှောင်ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က ပြောသည်။

“ဒဏ်ရာရတဲ့ အမျိုးသမီးက မစိုးရိမ်ရဘူး။ တိုက်ပွဲရှိလို့ ပစ်တာမဟုတ်ဘူး။ မြို့ပေါ်ကရမ်းသမ်းပစ်တာ။”ဟု ရောင်နီနွေဦးအဖွဲ့တာဝန်ခံက ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေ ၃ နာရီခန့်ကလည်း

မတ္တရာမြို့နယ်၊ ‌တုံကုန်းကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံကို အမြဲနားစွင့်ရှောင်ရှားကြရန် ရောင်နီနွေဦးအဖွဲ့က သတိပေးထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများ ပြန်လည်ရရှိရန် စစ်ကောင်စီမှ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်နေကြောင်း၊ သိမ်းထားသော စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။