Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတွင် တက်​နေလင်းခရီးသည်တင်ကားတိမ်းမှောက် ၂ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တက်နေလင်းခရီးသည်တင်ကားတိမ်းမှောက်ပြီး အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့​သည်။

တိမ်း​မှောက်ခဲ့​သောခရီးသည်တင်ယာဥ်နှင့်ကူညီကယ်ဆယ်​ရေးလုပ်​နေကြစဥ်။ ဓါတ်ပုံ- Taungoo Rescue အ​ရေး​ပေါ်ကယ်ဆယ်​ရေး ပရဟိတ အဖွဲ့ (MFSD)

လူအေး/People’s Spring

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တက်နေလင်းခရီးသည်တင်ကားတိမ်းမှောက်ပြီး အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့​သည်။

ယနေ့(အောက်တိုဘာလ ၁၆ရက်) နံနက် ၅နာရီ ၄မိနစ်ခန့်တွင် မိုင်တိုင် ၁၅၄ အနီး၌ တက်​နေလင်းခရီးသည်တင်ကား မှာ မိုင်တိုင် ၁၅၄ မိုင်အနီးတွင် တိမ်းမှောက်ခြင်းဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​တောင်ကြီး-​နေပြည်​တော်-လယ်​ဝေး-​တောင်ငူ -ပဲခူး(လမ်း​ဟောင်း)သို့​ပြေးဆွဲ​သော တက်​နေလင်းယာဥ်လိုင်းမှ YUTONG အမျိုးအစားခရီးသည်တင်ကားတိမ်း​မှောက်ခဲ့ခြင်းဖြစ်သည်။

“အမြန်လမ်းမှာ ကားတွေ ပိုပြီး စည်းကမ်းမဲ့လာတယ်လေ။ ဘယ်နေ့ မှောက်မလဲ စိုးရိမ်နေရတာ ကျမတို့တွေ။ အခုလည်း အရှိန်လွန်မှောက်တာ အသက်တွေ သေဆုံးတဲ့အထိပဲ” ဟု ကယ်ဆယ်ရေး ကူညီလုပ်ဆောင်ခဲ့သူတစ်ဦးကပြောသည်။

တက်နေလင်း ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်(၂၈)ဦးအနက် ခရီးသည်သုံးဦး သေဆုံးကာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း စစ်​ကောင်စီလက်​အောက်ခံ မီးသတပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားသည်။သို့​သော်​သေဆုံးသူမှာ ၂ ဦး ၊ဒဏ်ရာရသူ ၁၂ ဦးဟုပြန်လည်ပြင်ဆင်​ဖော်ပြခဲ့သည်ကို​တွေ့ရသည်။

​သေဆုံးသူ နှစ်ဦးမှာ အသက် ၇၀ အရွယ် အမျိုးသမီး နှင့် အသက် ၇ နှစ်အရွယ် မိန်းက​လေးငယ်တို့ဖြစ်​ကြောင်း ကူညီကယ်ဆယ်​ရေးလုပ်ကိုင်ခဲ့​သော Taungoo Rescue အ​ရေး​ပေါ်ကယ်ဆယ်​ရေး ပရဟိတ အဖွဲ့က ​ဖော်ပြသည်။

ဒဏ်ရာရသူများသည် တောင်ငူဆေးရုံ၌ ​ဆေးကုသမှုခံယူနေကြ​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook