Connect with us

Hi, what are you looking for?

သတင်း

အလုပ်ခေါ်စာ အတုတွေကိုယုံပြီး မြန်မာကို မသွားကြဖို့ နိုင်ငံသားတွေကို ကင်ညာအစိုးရ သတိပေး

အွန်လိုင်းပေါ်ကနေ လိမ်လည် လှည့်စားထားတဲ့ အလုပ်ခေါ်စာတွေကို ယုံကြည်ပြီး မြန်မာနိုင်ငံကိုမသွားရောက်ကြဖို့ ကင်ညာ အစိုးရက ပြည်သူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

ကျားဖြန့်လုပ်ငန်းများကို စီးနင်းဖမ်းဆီးပြီး​နော်ကအွန်လိုင်းမှတဆင့် လိမ်လည်၍ မြန််မာနိုင်ငံရှိကျားဖြန််လုပ်ငန်းများတွင်လူကုန်ကူးခံရပြီး လုပ်ကိုင်​နေရသူများကို ​တွေ့ရစဥ်။ ဓါတ်ပုံ-File Photo

အွန်လိုင်းပေါ်ကနေ လိမ်လည် လှည့်စားထားတဲ့ အလုပ်ခေါ်စာတွေကို ယုံကြည်ပြီး မြန်မာနိုင်ငံကိုမသွားရောက်ကြဖို့ ကင်ညာ အစိုးရက ပြည်သူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

စစ်ရေး ပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ အွန်လိုင်း ငွေကြေးလိမ်လည်မှုနဲ့ ဆက်စပ်တဲ့ ဒုစရိုက်ဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေ အခြေချ လှုပ်ရှားရာ နယ်မြေ တစ်ခုလည်း ဖြစ်လာပြီး အဲဒီ ဂိုဏ်းတွေဟာ နိုင်ငံခြားသားတွေကို မက်မောလောက်စရာ အလုပ်အကိုင်တွေနဲ့ လိမ်လည် ဖြားယောင်း ခေါ်ယူလေ့ ရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာ သံအမတ်ကြီး လင်းဆေး ကင်ဝိုလီက ဆိုပါတယ်။

သူက အွန်လိုင်းမှာ အတုအယောင် အလုပ်ခေါ်စာတွေ အများကြီး ကင်ညာက အင်တာနက် သုံးစွဲသူတွေဆီ ပျံ့နှံ့ ရောက်ရှိနေတဲ့နောက် အဲဒီ အလိမ်အညာတွေကို နားယောင်ပြီး မြန်မာနိုင်ငံဆီ သွားရောက်တာမျိုး လုံးဝ မလုပ်ကြဖို့ နိုင်ငံသားတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒုစရိုက်ဂိုဏ်းတွေရဲ့ လက်ထဲ ကျရောက်သွားတဲ့ နိုင်ငံခြားသားတွေ ကျေးကျွန်ပြု အဓမ္မ ခိုင်းစေခံရတာ၊ မိသားစုဆီ ပြန်ပေးငွေ တောင်းဆိုခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာမျိုး ဖြစ်စဉ်တွေ ဆက်တိုက် ကြုံနေရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၂ ရက်နေ့က ကင်ညာ အစိုးရကိုယ်စား ထုတ်ပြန်တဲ့ သံရုံး ကြေညာချက်မှာတော့ မြန်မာနိုင်ငံ အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ ချုပ်နှောင်မှုကို ခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ ကင်ညာ လူငယ်တွေဆီက အကူအညီ တောင်းခံမှုတွေကို ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အဲဒီ ကင်ညာ လူငယ်တွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်း ကြိုးစားမှုတွေမှာလည်း မြန်မာနိုင်ငံ အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေက ပြန်ပေးငွေအဖြစ် တစ်ဦးကို ဒေါ်လာ ၁၂၀၀၀ စီ တောင်းခံခဲ့ကြောင်း၊ သူတို့က အဲဒီ ကင်ညာ လူငယ်တွေကို ကျေးကျွန်အဖြစ် ဝယ်ယူထားရတာ ဖြစ်တာကြောင့် အခုလို ငွေတောင်းတာလို့ ဂိုဏ်းခေါင်းဆောင်တွေက ပြောကြောင်းလည်း သံရုံး ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

အဲဒီလူငယ်တွေဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေမှာ ပိတ်မိနေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ လွတ်မြောက်ရေးကို ထိုင်းနိုင်ငံ အခြေစိုက် ကင်ညာသံရုံး၊ အန်ဂျီအို အဖွဲ့အစည်း တစ်ခုနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုတို့ ပူးပေါင်းပြီး ညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်က ဒဏ်ရာတွေ ရထားပြီး ပတ်တီးတွေ စည်းထားရတဲ့ ကင်ညာလူငယ် ၅ ဦးကို မြန်မာဖက်ခြမ်းကနေ ထိုင်းဖက်ကို လွှတ်လိုက်တဲ့ ဖြစ်စဉ်အပြီး ကင်ညာ အစိုးရဟာ မြန်မာနိုင်ငံကို လူမှောင်ခို တင်သွင်းခံရတဲ့ နိုင်ငံသားတွေ အရေးကို အာရုံစိုက်လာခဲ့ပါတယ်။ အဲဒီ လူငယ်တွေကို ထိုင်းအစိုးရ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့ပြီး နောက်ထပ် ကင်ညာ နိုင်ငံသား တစ်ဦးကတော့ ဆေးရုံတက်ခဲ့ရာကနေ ကွယ်လွန်သွားပါတယ်။

ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အဲဒီ ကင်ညာ လူငယ်တွေဟာ မြန်မာနိုင်ငံမှာ သွားရောက် အလုပ်လုပ်ခဲ့ရာမှာ ကင်ညာ အစိုးရရဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့ကြောင်းနဲ့ သူတို့ရဲ့ လွတ်မြောက်ရေးအတွက် ဒုစရိုက် ဂိုဏ်းတွေကို ပြန်ပေးငွေ ပေးချေပြီး ညှိနှိုင်းယူခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား- Nation.Afracia

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအတွက် ကမ္ဘောဒီးယားဟာ လုံခြုံဘေးကင်းတဲ့ ခိုလှုံရာတစ်ခု ဖြစ်မလာစေရဘူးလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

Facebook