Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့တွင် လူရှစ်ဦးသေဆုံးစေခဲ့သည့် စက်သုံးဆီတင်သင်္ဘော မီးထပ်လောင်

လူရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့် ထားဝယ်မြို့၊ကြက်စာပြင်ရပ်ကွက် မြစ်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘောသည် ယနေ့ညနေတွင် နောက်တစ်ကြိမ်မီးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့တွင် စက်သုံးဆီတင်သင်္ဘောသည် အောက်တိုဘာ ၁၄ ရက်က မီးလောင်နေစဥ်။ ဓာတ်ပုံ - ထားဝယ်မီးသတ်

လူအေး/People’s Spring

လူရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့် ထားဝယ်မြို့၊ကြက်စာပြင်ရပ်ကွက် မြစ်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘောသည် ယနေ့ညနေတွင် နောက်တစ်ကြိမ်မီးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်သုံးဆီငွေ့တွေက မီးပြန်တောက်ပြီး ထပ်ပြီးလောင်တာပါ။ တစ်ချိန်လုံးစောင့်ကြည့်နေရင်းနဲ့ဖြစ်တာပါ။ အခုညအထိ မီးအကင်းမသေ‌သေးဘူးဗျ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စက်သုံးဆီတင်သင်္ဘောသည် အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က မီးလောင်ခဲ့စဥ် လုပ်သားရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရာရှိခဲ့သည်။ အမျိုးသားခုနစ်ဦး၊အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ အမျိုးသားတစ်ဦးပျောက်ဆုံးနေကြောင်း ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ ညနေက နောက်တကြိမ်မီးထပ်လောင်မှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

မီးအားမပြင်းထန်သော်လည်း ငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။